
October 29ရက်နေ့ ဟာ ကမ္ဘာ့ လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ ပဲ ဖြစ်ပါတယ်။
ဒီတော့ AURA ကနေ လေဖြတ်ရောဂါနဲ့ ပတ်သတ်တဲ့ သိသင့်သိထိုက်တဲ့ အချက်အလက် ဆောင်ရန် ရှောင်ရန်လေးတွေ ကို ပြောပြပေးမယ်နော်။

အရင်ဆုံး လေဖြတ်ခြင်း ကို ဘယ်သူတွေမှာ ဖြစ်နိုင်ချေရှိလဲ ဆိုတာ အရင် ပြောပြမယ်။ 

သွေးတိုးရောဂါရှိသူများ
ဆေးလိပ်၊ အရက်သောက်သူများ
အဝလွန်သူများ
ဆီးချိုရောဂါရှိသူ
တွေမှာ ဖြစ်နိုင်ချေ က ပုံမှန်သူ ထက် ပိုများပါတယ်။

ဘယ်လိုကာကွယ်နိုင်မလဲ။ 

မိမိ၏ သွေးပေါင်ချိန်ကို နေ့စဉ် တိုင်းခြင်း
သွေးထိန်းဆေး များသောက်သုံးခြင်း
ဆေးလိပ်၊အရက် သောက်သုံးခြင်းကို ရှောင်ကြဉ်ခြင်း
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း
ကိုယ်လက်လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက်များကိုသာ စားသုံးခြင်း
ပုံမှန်ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်ခြင်း
တို့ပဲဖြစ်ပါတယ်။

လေဖြတ်ပါက ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ။ 

FAST
F – Face Weakness မျက်နှာ သို့မဟုတ် ပါးတစ်ခြမ်းရွဲ့ခြင်း
A – Arms Weakness လက်မောင်း များ လေးလံနေခြင်း
S- Speech Problem လျှာလေးခြင်း ၊ စကားလုံးများ မသဲကွဲခြင်း
T – Time to call နီးစပ်ရာ ဆေးရုံ၊ဆေးခန်းသို့ ဆက်သွယ်ခြင်း၊ (သို့) သွားရောက်ကုသခြင်း
လေဖြတ်ပြီ ဆိုတာနဲ့ အချိန်မှီ ကုသဖို့ အလွန်အရေးကြီးပါတယ်။
ဒါကြောင့် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း သွားရောက်ပြီး ကုသကြပါ။
မဖြစ်အောင် ဖြစ်နိုင်ချေတွေ Risk Factors လျော့ချပြီး ကာကွယ်ကြပါ လို့ သတင်းစကားပေးရင်း ကျန်းမာပျော်ရွှင်သော ဘဝ ကိုပိုင်ဆိုင်နိုင်ဖို့ AURA မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်