Speech Therapy အကြောင်း သိကောင်းစရာ

Speech Therapy ဆိုတာ ဘာလဲ ?
Speech Therapist တွေ ဘာလုပ်ကြလဲ ?

Speech Therapist တွေဟာ ဆက်သွယ်ပြောဆိုခြင်းဆိုင်ရာ ပြဿနာများ (Communication Problems) နဲ့ မျိုချခြင်းဆိုင်ရာ ပြဿနာများ (Swallowing Problems) နဲ့ ပတ်သတ်ပြီး စစ်ဆေး၊ အဖြေရှာ၊ ကုသပေးကြတာပါ။ Speech နဲ့ ပတ်သတ်ပြီး အခက်အခဲ ရှိတဲ့သူတွေကို စကားပြောသင်ကြားပေးခြင်း၊ ဘာသာစကားနှင့်ပတ်သတ်သော လေ့ကျင့်ခန်းများစတာတွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်များ (Speech Therapist) တွေက သင်ကြား လေ့ကျင့်ပြီး ကုသပေးတာပါ။

ကလေးဘဝမှာ ဖြစ်ပွါးလာတဲ့ စကားပြောခြင်း ဆိုင်ရာ ပြဿနာများအပြင်၊ လူကြီးဘဝမှာ ပြင်းထန်သော ဒဏ်ရာ၊ ဦးနှောက် ထိခိုက်မှု၊ လေဖြတ်ခြင်း စတာတွေကြောင့် ဖြစ်လာတဲ့ စကားပြောခြင်း ဆိုင်ရာ ပြဿနာများ အထိ Speech Therapist များက ကူညီပေးကြပါတယ်။

Speech Therapy တွေကို ဘယ်နေရာမှာ အသုံးပြုကြတာလဲ ?

  • Articulation Disorders – ဒီရောဂါက အချို့သော စကားလုံးများကို အသံထွက်ရန် ခက်ခဲနေတဲ့ ရောဂါ တစ်မျိုးပါ။ ဒီပြဿနာရှိတဲ့ ကလေးတွေမှာ စကားလုံး အချို့ကို ပြောဆိုရန် ကြိုးစားရာမှာ အသံကျသွားခြင်း၊ အသံလွဲနေခြင်း၊ လိုသော စကားလုံး ထက်ပိုသော အသံကို ထွက်ခြင်း စတဲ့ လက္ခဏာတွေကို အတွေ့များပါတယ်။ (သာဓကအားဖြင့် ‘this’ ဟုပြောရမည့်အစား ‘thith’ ဟုအသံထွက်ခြင်း)
  • Fluency Disorders – စကားပြောဆိုခြင်းရဲ့ ပြေပြစ်မှု၊ မြန်နှုန်း နဲ့ စည်းချက်တို့ ပုံမှန်ဟုတ် မနေသော ရောဂါ တစ်မျိုးပါ။
  • Resonance disorders – လေဝင်တဲ့ လမ်းကြောင်းတွေ ဖြစ်တဲ့ နှာခေါင်း လမ်းကြောင်းနဲ့ ပါးစပ် လမ်းကြောင်းတွေမှာ ပိတ်ဆို့မှုတွေ ရှိနေရင် အသံ Quality အရည်အသွေးပိုင်း ဆိုင်ရာမှာ တုန်ခါမှု (Vibration) တွေက ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့ အခြေအနေက Velopharyngeal Valve က ကောင်းမွန်စွာ မပိတ်နိုင်ခြင်း၊ အာခေါင်ကွဲခြင်း၊ အာသီးယောင်ခြင်း နဲ့ Neurological Disorder အာရုံကြောနှင့်ဆိုင်သော ရောဂါ တွေမှာ လည်းဖြစ်နိုင်ပါတယ်။
  • Receptive Disorders – တခြားသူ ပြောတာကို ကောင်းမွန်စွာ နားမလည်နိုင်ခြင်း နဲ့ လျင်မြန်စွာ ဘာသာ မပြန်နိုင်ခြင်းတို့ အပြင် ဝေါဟာရ မကြွယ်ဝနိုင်ခြင်း (Limited Vocabulary) တို့ကြောင့် ဖြစ်တတ်ပါတယ်။ အော်တစ်ဇင်ရောဂါ Autism, နားမကြားခြင်း Hearing Loss နဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာ Head Injury တွေကြောင့်လည်း Receptive Disorder ဖြစ်တတ်ပါတယ်။
  • Expressive Disorders – ကိုယ်ပြောချင်တဲ့ စကားကို အများ နားလည်အောင် မပြောပြတတ်ခြင်းပါ။ အများပြောတာကို နားလည်ပေမယ့် ကောင်းမွန်စွာ ပြန်လည် Communicate ဆက်သွယ်ပြောဆိုခြင်း မလုပ်နိုင်ခြင်းပါ။ Down’s Syndrome, Head Injury, Stroke နဲ့ Hearing Loss တွေမှာ ဖြစ်တတ်ပါတယ်။
  • Cognitive – Communication Disorders – လူအချင်းချင်း ဆက်သွယ်တဲ့နေရာမှာ ပြောဆိုရမယ့် စကားလုံးအသုံးအနှုန်းကို မတွေးတော နိုင်တော့ခြင်းပါ။ Memory Issues, Problem Solving, Difficulty speaking စတာတွေမှာ ချို့ယွင်းလာတာပါ။ ဦးနှောက် ထိခိုက်ဒဏ်ရာ ရခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုချို့တဲ့ခြင်း စတဲ့ရောဂါတွေမှာ ဖြစ်ပွါးတတ်ပါတယ်။
  • Aphasia – မွေးရာပါရောဂါတော့ မဟုတ်ပေမယ့် အခြားသူတွေ ပြောတာ နားမလည်ခြင်း၊ စကားမပြောနိုင်ခြင်း တို့ဖြစ်တာပါ။ စာဖတ်ခြင်း၊ စာရေးခြင်း တို့ကိုလည်းထိခိုက်စေတတ်ပါတယ်။ များသောအားဖြင့် လေဖြတ်လူနာတွေမှာ အတွေ့ များတတ်ပါတယ်။
  • Dysarthria – စကားမပီခြင်း၊ စကားပြောလေးခြင်း နှေးခြင်း တို့ဖြစ်ပြီး အဓိကအားဖြင့် စကားပြောခြင်းကို လုပ်ဆောင်ပေးသော ကြွက်သားများ အားနည်းခြင်း၊ အလုပ် မလုပ် နိုင်ခြင်းတို့ကြောင့် ဖြစ်တာပါ။ အာရုံကြောထိခိုက်ခြင်း ဆိုင်ရာ ရောဂါများနဲ့ လေဖြတ်ခြင်း၊ လေဖြန်းခြင်း တွေမှာဖြစ်နိုင်ပါတယ်။

Speech Therapy ကို SLP ( Speech Language Pathologist ) က ဆောင်ရွက်ပေးတာပါ။

Speech Therapy for Children

ကလေးတွေအတွက် Speech Therapy တွေကို စာသင်ခန်းထဲမှာ ဖြစ်စေ၊ အုပ်စုလေးတွေနဲ့ ဖြစ်စေ၊ တစ်ယောက်ချင်း ဖြစ်စေ ပြုလုပ်ပေးနိုင်ပါတယ်။ ဒီဟာက မိမိကလေးရဲ့ ချို့ယွင်းချက်၊ အသက်နဲ့ လိုအပ်ချက်တွေ အပေါ် မူတည်ပါတယ်။ Sleep Therapy အတွင်းမှာ SLP က

  • ကလေးနဲ့အတူ စကားပြောပေးခြင်း၊ ကစားပေးခြင်း၊ စာအုပ် နှင့် ရုပ်ပုံများ အသုံးပြု၍ ဘာသာစကား တိုးတက်မှုအတွက် လှုံ့ဆော်ပေးခြင်း
  • အသက်နှင့် ကိုက်ညီသော Syllables များနှင့် အသံထွက်များ လေ့ကျင့်ပေးခြင်း
  • မိဘ နှင့် ကလေး တွဲဖက် လုပ်ဆောင်နိုင်သော Activity များကို အိမ်စာ အနေနှင့် ပေးခြင်း

Speech Therapy for Adults

လူကြီးများအတွက် Speech Therapy ကတော့ စကားပြောဆိုခြင်း၊ ဘာသာစကား နှင့် ပြောဆို ဆက်သွယ်မှု ဆိုင်ရာ လိုအပ်ချက်များကို စမ်းသပ်ခြင်းကနေ စတင်ပြီး ကိုက်ညီသော ကုသမှုကို SLP က ရွေးချယ်ပေးခြင်းဖြစ်ပါတယ်။ များသောအားဖြင့် လူကြီးတွေမှာ Parkinson Disease ၊ Oral Cancer တို့ကြောင့် ဖြစ်သော မျိုချခြင်း ဆိုင်ရာ ပြဿနာများကို ပြန်လည် လေ့ကျင့် ကြတာပါ။ Sleep Therapy အတွင်းမှာ SLP က

  • လူအများနှင့် ပြောဆို ဆက်သွယ်ရာမှာ ပိုမို တိုးတက်လာစေရန် ပြဿနာ ဖြေရှင်းခြင်း၊ မှတ်ဉာဏ် နှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ လေ့ကျင့်ခန်းများ ကို ပြုလုပ်ပေးခြင်း
  • စကား ပြောဆိုပုံ ပြောဆိုနည်းများ လေ့ကျင့် သင်ကြားပေးခြင်း
  • အသံထွက် မှန်စေရန် အသက်ရှူ လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်း
  • ပါးစပ် ကြွက်သားများ သန်မာလာစေရန် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း

Resources

  1. Speech Therapy Apps (အောက်မှာပြထားတာတွေကတော့ Very Well family က recommend ပေးထားတဲ့ Speech Therapy Apps တွေဖြစ်ပါတယ်။

2. Games & Toys, Flip Cards, Flash Cards

Speech Therapy Flashcards

3. Workbooks

ဘယ်လောက်ကြာကြာ Speech Therapy လုပ်ရမှာလဲ?

အသက်၊ ရောဂါအမျိုးအစား နှင့် ဆိုးရွားမှုအဆင့်၊ ရောဂါအခံ နှင့် ထိုရောဂါကို မည်မျှ ကုသထားသလဲပေါ် မူတည်၍ Speech Therapy ကြာမြင့်ချိန်က တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။

လေဖြတ်ခြင်းကဲ့သို့သော ရောဂါကြောင့် ဖြစ်သော ပြောဆိုဆက်သွယ်မှု ဆိုင်ရာ ချို့ယွင်းမှုများ ကတော့ ထိုရောဂါကောင်းလာလျှင် ကောင်းလာသလောက် အခြေအနေ တိုးတက်လာမှာ ဖြစ်ပါတယ်။ ထို့အပြင် မိမိ မိသားစုနှင့် သူငယ်ချင်းများရဲ့ ပူးပေါင်း ဆောင်ရွက်မှု နှင့် အားပေးမှု ကလည်း အခြေအနေ တိုးတက်ခြင်းကို အထောက်အကူ ပြုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *