CPAP စက်ကို ဆက်တပ်ရမလား ရပ်လိုက်ရမလား?

CPAP စက်ကို ဆက်တပ်ရမလား ရပ်လိုက်ရမလား တွေးနေရင်တော့ ဒီဆောင်းပါးလေးကို သေချာပေါက်ဖတ်သင့်ပါတယ်✅

CPAP စက်တပ်တဲ့သူတွေထဲမှာ များသောအားဖြင့် ၃ ပုံ ၁ ပုံက စတပ်ပြီး ၁ နှစ်အတွင်းမှာ ဆက်မသုံးဖြစ်ကြတော့တာများပါတယ်။ 🔴

CPAP အသုံးပြုနေတာ တစ်နှစ်ကျော်ကြာပြီးဖြစ်တဲ့ သူတွေကို စမ်းသပ်ချက်အရ –

(၅၂) ရာခိုင်နှုန်းလောက်က အရင်က အသုံးပြုဖူးပြီး ကြားထဲမှာအသုံးပြုတာရပ်သွားပြီး နောက်တစ်ကြိမ်ပြန်အသုံးပြုသူတွေဖြစ်တယ်။

(၆၇) ရာခိုင်နှုန်းကတော့ CPAP စအသုံးပြုစဥ်ကတည်းက ဆက်တိုက်အသုံးပြုသူတွေဖြစ်တယ်။

📈 ဒီစမ်းသပ်မှုအရဆိုရင် CPAP ကို ဆက်အသုံးပြုဖြစ်သွားတဲ့ သူတွေထဲက အများစု ရာခိုင်နှုန်းက စတပ်စဥ်ကတည်းက ပုံမှန် မပျက်မကွက် တပ်လာတဲ့ အကျင့်ရှိသူတွေဖြစ်ပြီး အသုံးပြုတာကို တစ်ခါ ရပ်လိုက်ဖူးသူတွေကတော့ ဆက်အသုံးပြုနိုင်ချေ ရာခိုင်နှုန်းလည်း နည်းသွားကြောင်းကို တွေ့ရှိနိုင်ပါတယ်။📈

✅ ဒါကြောင့် သင့်ကျန်းမာရေးအတွက် မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် CPAP စက်ကို တပ်လိုက်၊ မတပ်လိုက် မလုပ်ဘဲ ပုံမှန်ကျင့်သားရအောင် တပ်အိပ်ဖိုက အရေးကြီးကြောင်း အကြံပေးလိုပါတယ်။