ဒီနေ့ AURA ကနေ Natural Sleep Aids သဘာဝအတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်မယ့် အစားအသောက်တွေ နဲ့ပတ်သတ်ပြီး ပြောပြပေးမယ်နော်။
Almonds ဗာဒံစေ့
အစေ့အဆံများတွင် ပါဝင်သော Magnesium ဓာတ်သည် လူကို ပင်ပန်းမှု ပြေပျောက်စေသောကြောင့် အိပ်ပျော်စေနိုင်သည်။ ထို့ပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်လို့ စားသုံးသင့်ပါတယ်။
Banana ငှက်ပျောသီး
ငှက်ပျောသီးတွင်လည်း Magnesium ဓာတ်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် Potassium ဓာတ်ပါဝင်ပြီး ယင်းတွင်ပါရှိသော Melatonin က လူတစ်ဦး၏ အိပ်စက်မှု ပုံမှန် လည်ပတ်စေနိုင်ပါတယ်။
Kiwi ကီဝီသီး
အချို့သော သုတေသနပညာရှင်များက ညနေခင်းမှာ ကီဝီသီး ၂လုံး ကို ပုံမှန်စားခြင်းက အိပ်ချိန်ကို ၁နာရီ ပိုတိုးစေနိုင်ပါတယ်တဲ့။ ဒါ့အပြင် Vitamin C နဲ့ Vitamin E ဓာတ်များလည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပါတယ်။
Cherry Juices ချယ်ရီသီးဖျော်ရည်
Cherry သီးတွင် Melatonin ဓာတ်များစွာပါဝင်သောကြောင့် ကောင်းမွန်စွာ အိပ်ပျော်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ် ကိုလည်းချေဖျက်ပေးတာကြောင့် အိပ်ရေးပျက်ခြင်းကို မဖြစ်စေနိုင်ပါဘူး
Warm Milk နွားနို့
ညအိပ်ယာဝင်ခါနီးတွင် နွားနို့ပူပူ တစ်ခွက်သောက်ပေးခြင်းက နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါတယ်။ ဒါ့အပြင် Melatonin ဓာတ် ထုတ်လွှတ်ပေးနိုင်တဲ့ Calcium ဓာတ်လည်း လုံလောက်စွာ ပါဝင်ပါတယ်။