နားကြားကိရိယာတပ်ဆင်သူများအတွက် အထောက်အကူပြုစေမည့်နည်းလမ်းများ

ဒီနေ့မှာတော့ နားကြားကိရိယာတပ်နေရသူများအတွက် တစ်နေ့တာလှုပ်ရှားမှုများမှာ ပိုမိုလွယ်ကူအဆင်ပြေစေမဲ့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဆူညံသံများကို တတ်နိုင်သ‌လောက် လျှော့ချပါ။

အခန်းထဲတွင် လေအေးပေးစက်ဖွင့်ထားခြင်း၊ ပန်ကာဖွင့်ထားခြင်း စတဲ့ အသံများကျယ်နေပါက ပိတ်ထားရမည်။ ပြင်ပပတ်ဝန်းကျင်မှ ကားသံများကြောင့် အနှောင့်အယှက် မဖြစ်စေရန် ဖြစ်နိုင်ပါက တံခါးနှင့် ပြတင်းပေါက်များ ကို ပိတ်ထားသင့်ပါတယ်။ အခန်းထဲတွင် နူးညံ့ပျော့ပျောင်းသော ခန်းစီးလိုက်ကာများထားခြင်းဖြင့် အသံပဲ့တင်သံများ၊ ဆူညံသံများကို လျှော့ချပြီး ပိုမို အာရုံစိုက်လို့ကောင်းစေမည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။

(၂) စားသောက်ဆိုင်သို့သွားချိန်

တိတ်တိတ်ဆိတ်ဆိတ် စကားပြောလို့ရမည့် စားသောက်ဆိုင်မျိုး ကို ကြိုတင်ရှာဖွေပါ။ ဆိုင်သို့ရောက်လျှင် ဆူညံသံများသော မီးဖိုချောင်၊ စပီကာ‌တို့နှင့် ဝေးသည့်ထိုင်ခုံကို ရှာပါ။ လူနည်းမည့် ရက်၊ အချိန်ကို ကြိုတင်ရက်ချိန်းရလျှင် ယူထားပါ။

(၃) ဖုန်းအသုံးပြုချိန်

Bluetooth နှင့်ချိတ်ဆက်ပြီး Direct Streaming ရလျှင် အသုံးပြုပါ။ ဖုန်းခေါ် ပါက Video Call အသုံးပြုခြင်းက တစ်ဖက်လူ၏ ပါးစပ်လှုပ်ပုံကို ကြည့်ပြီး အကြောင်းအရာကို ခန့်မှန်းနိုင်ပါတယ်။ ချိန်းဆိုမှု အကြောင်းအရာများကို စာရိုက်ပို့ခြင်းဖြင့် ပြန်အတည်ပြုပါ။

(၄) ခရီးသွားချိန်

ခရီးသွားမည့်အတွက် ကြိုတင်ထုပ်ပိုးလျှင် မိမိအသုံးပြုနေသော နားကြားကိရိယာနှင့် ဆက်စပ်သည့် ဓာတ်ခဲ၊ နားထိပ်အစို့များနှင့် ပိုးသတ်သည့်စက်များကို မမေ့မလျှော့ယူသွားပါ။ လေကြောင်းလိုင်းနှင့် မိမိတည်းခိုမည့် Hotel မှ သက်ဆိုင်ရာ ဝန်ထမ်းများအား နားကြားကိရိယာ အသုံးပြုနေရကြောင်းကြိုတင်ပြောပြပြီး မည်သို့ အကူအညီရယူနိုင်မည်ကို မေးမြန်းပါ။ ‌လေယာဥ်ကွင်းချိန်းချိန်၊ ရထား၊ကားထွက်ချိန်တို့အတွက် အချိန်စောစောယူ၍ အိမ်မှထွက်ခွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *