နားကြားကိရိယာတွေကဘယ်လိုအလုပ်လုပ်သလဲ?

?သာမန်လူတွေအတွက်တော့ နားကြားကိရိယာတပ်ဆင်ခြင်းက ဒီတိုင်း Electronic Device တစ်ခုကို နားမှာတပ်လိုက်တာပဲလို့ ထင်ကြပေမဲ့ တကယ်တမ်း လက်တွေ့တပ်ဆင်နေရတဲ့ သူတွေအနေနဲ့ နားကြားကိရိယာတွေဘယ်လို အလုပ်လုပ်လဲ သိချင်ကြမယ်ထင်ပါတယ်။

နားကြားကိရိယာမှာ ယေဘုယျအားဖြင့် Microphone, Amplifier, Speaker နဲ့ Battery ဆိုပြီးအစိတ်အပိုင်း လေးပိုင်းပါဝင်ပါတယ်။

၁။ ရှေးဦးစွာပြင်ပမှအသံလှိုင်း (Sound Wave) ကို Microphone ကဖမ်းယူပါတယ်။

၂။ ဖမ်းယူထားတဲ့အသံကို Amplifier ထဲက Chip Set လေးက Sound Wave  ကို Electrical Signal အနေနဲ့ပြောင်းလဲပေးပါတယ်။ ဒီနေရာမှာ မိမိရွေးချယ်ထားတဲ့ နားကြားကိရိယာရဲ့Level၊ သီးသန့် Program သွင်းလို့ရမရ၊ ပြင်ပမှလာတဲ့ အသံ Frequency၊ နဲ့ မိမိ ရဲ့အကြားအာရုံပြဇယား (Audiogram) နဲ့ ပေါ်မူတည်ပြီးတော့ ထုတ်လွှတ်ပေးတဲ့ Electrical Wave ကွဲပြားသွားမှာပဲဖြစ်ပါတယ်။

၃။ ဒီ Electrical Wave ကို Sound Wave အနေနဲ့ ပြန်လည်ပြောင်းလဲပြီးတော့ နားထဲကို အသံအနေ နဲ့ Speaker ကတစ်ဆင့်ပြန်လည်ထုတ်လွှတ်ပေးပါတယ်။ ဒီနေရာမှာ မိမိရွေးချယ်ထားတဲ့ နားကြာကိရိယာပေါ်မူတည်ပြီးတော့ Speaker ရဲ့တည်နေရာက ကွဲပြားသွားဦးမှာပါ။ဥပမာ BTE ( Behind The Ear) အမျိုးအစားဆိုရင် Speakerက စက်ရဲ့ကိုယ်ထည်၊ နားအပြင်ဘက်မှာရှိမှာဖြစ်ပြီး RIC ( Receiver In Canal)၊ ITE ( In The Canal) လို အမျိုးအစားတွေဆိုရင်တော့ Speaker က နားထဲမှာရှိနေမှာပါ။

၄။ Battery အကန့်မှာတော့ မိမိရွေးချယ်ထားတဲ့ နားကြားကိရိယာပေါ်မူတည်ပြီး သုံးရတဲ့ဓာတ်ခဲ Size နဲ့ ကြာရှည်ခဲမဲ့ အချိန်က ပြောင်းလဲသွားမှာပါ။

နားကြားကိရိယာရွေးချယ်တဲ့နေရာမှာ များသောအားဖြင့် Sensory Neural Hearing Loss အတွက် Inner Ear ထဲက Hair Cell တွေဘယ်လောက်ပျက်ဆီးနေလဲပေါ်မူတည်ပြီး ပြန်ကြားနိုင်မဲ့ Level ကလည်းကွာသွားမှာဖြစ်သလို အသုံးပြုလို့ရနိုင်မဲ့ နားကြားကိရိယာကလည်းကွဲပြားသွားမှာဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် နားကြားကိရိယာတွေဘယ်လို အလုပ်လုပ်လဲ သိသွားကြပြီထင်ပါတယ်။အားလုံးပဲ မိမိ အကားအာရုံကိုပိုမိုဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *