Hearing Aid တပ်ခြင်းက မှတ်ဉာဏ်စွမ်းရည်ကျဆင်းခြင်းကို လျော့နည်းစေတာ သင်သိပါသလား?
အသက်အရွယ်ကြီးလာတဲ့ အဖိုးအဖွားတွေမှာဆိုရင် Dementia လို့ခေါ် တဲ့ အသိမှတ်ဉာဏ်လျော့ပါးလာတဲ့ ရောဂါဖြစ်လေ့ရှိပါတယ်။ Dementia ဖြစ်တဲ့ သူတွေရဲ့ 8% က အကြားအာရုံ ချို့ယွင်းမှုနဲ့ ဆက်နွယ်နေတာကို လည်း သုတေသနစာတမ်းတွေမှာ ဖော်ပြထားပါတယ်။ Reference
အကြားအာရုံချို့ယွင်းတဲ့သူတွေမှာ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံနဲ့ ပုံစံမမှန်တော့တဲ့အချက်က Dementia ဖြစ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အသံတွေကို သိပ်မကြားနိုင်တော့တာကြောင့် အခြားသူတွေနဲ့ ပြောဆိုဆက်ဆံမှုသိပ်မရှိတော့ဘဲ တစ်ဦးတည်းသီးသန့်နေတာ များလာတဲ့ အခါမှာလည်း နားလည်နိုင်မှု စွမ်းရည်ကျဆင်းလာပြီး Dementia ဖြစ်စေနိုင်ပါတယ်။
အကြားအာရုံကုသမှုအနေနဲ့ နားကြားကိရိယာတပ်ဆင်တဲ့သူတွေမှာ ၃နှစ်အကြာမှာ Dementia ဖြစ်နှုန်းကို 50% အထိလျှော့ချပေးနိုင်တာကိုလည်း တွေ့ရပါတယ်။ Reference
Dementia ရောဂါက မိသားစုဝင်တွေက သတိထားမိလို့ ဆရာဝန်ပြသဖြစ်တာ ပိုများပါတယ်။
Dementia ရောဂါ ခံစားရသူဟာ အထူးသဖြင့် သာမန်ထက်ပိုမေ့တတ်လာပါတယ်။ အချိန်အတော်ကြာပြီဖြစ်တဲ့ အရင်က အကြောင်းအရာတွေကို မေ့တာမျိုးမဟုတ်ဘဲ မနေ့တစ်နေ့က ကဲ့သို့ လတ်တလောဖြစ်တဲ့ အကြောင်းအရာတွေ၊ ချိန်းဆိုထားတာတွေ ကို မေ့တာမျိုး နေ့စဥ်လိုလို ခဏခဏ ဖြစ်လာတာမျိုးပါ။ မိမိနှင့် တွေ့နေကျသူတွေ၊ မိသားစုဝင်တွေရဲ့ နာမည်ကို မမှတ်မိတာ၊ နေ့စဥ်သုံးအရာဝတ္ထုတွေရဲ့ ခေါ်ပုံခေါ် နည်းနာမည်တွေကို မမှတ်မိတာ၊ သွားနေကျလမ်းတွေမေ့တာ မျိုးတွေ က အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒီအချက်တွေအပြင် အခြားသူတွေကို ယုံမှားသံသယဖြစ်ခြင်း၊ စကားပြောတဲ့အခါ တစ်ဖက်လူပြောတာကို နားလည်ရန် ခက်ခဲခြင်း၊ ပင်ကိုယ်စရိုက်ပြောင်းလဲလာခြင်း စတဲ့ လက္ခဏာတွေ ရှိလာတာကို ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်တစ်ဦးကဖြစ်စေ သတိထားမိပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ Dementia ရောဂါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်း များစွာရှိနိုင်တာကြောင့် နားကြားကိရိယာတပ်ဆင်ရန် လိုအပ်သူများအနေနှင့် နားကြားကိရိယာတပ်ဆင်ခြင်းအားဖြင့် အကြားအာရုံချို့ယွင်းမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်သော Dementia ရောဂါကို ကာကွယ်ရန် အကြံပြုအပ်ပါတယ်။