မိမိရဲ့နားကြားကိရိယာရေစိုသွားရင်ဘာလုပ်ရမလဲ?

နားကြားကိရိများဟာ သေးသွယ်တဲ့ Electronic Devices တွေဖြစ်တာကြောင့် ပုံမှန်အားဖြင့်ရေစိုလို့ မရပါဘူး။ လူတစ်ယောက်မှာ ပုံမှန်ထွက်လေ့ရှိတဲ့ ချွေးနဲ့ အဆီတွေအတွက်က ပုံမှန်အဝတ်ခြောက်နဲ့သုတ်ပေးခြင်း နဲ့ နားကြပ်မှာ နားဖာချေးပိတ်နေရင် သန့်ရှင်းရေးလုပ်ပေးခြင်းက လုံလောက်ပေမဲ့ ကံအားမလျော်စွာ ရေချိုးချိန်ချွတ်ရန်မေ့လျော့သွားခြင်း နဲ့ မိုးရေထဲထီးမပါဘဲ သွားလာမိခြင်းက နားကြားကိရိယာကို ရေစိုသွားစေပြီး စက်ရဲ့စွမ်းဆောင်ရည်ကိုလျော့ကျစေနိုင်ပါတယ်။

ဒီလိုဖြစ်လာတဲ့အချိန်တွေဆို ဘာလုပ်ရမလဲ?

‼️နားကြားကိရိယာကို ချက်ခြင်းပိတ်ပါ။

‼️ဓာတ်ခဲကို နားကြားကိရိယာမှ ချက်ခြင်းထုတ်ပါ။

‼️နားကြားကိရိယာမှ ရေများကို ကုန်စင်လုနီးပါးဖြစ်အောင် နားကြားကိရိယာကို သေချာ ခါပါ။ ခါနေစဉ် ဓာတ်ခဲ ထည့်သည့်အကန့်ကို ဖွင့်ထားပါ။

‼️ရေလက်ကျန်များ ခြောက်သွားရန် ရေစုပ်မည့် သတင်းစာစက္ကူ ပေါ်တွင် တစ်ညတာတင်ထားခြင်း သို့မဟုတ် အပူငွေ့နွေးနွေး (အလွန်အမင်းပူသောနေရာ မဖြစ်ရပါ) ထွက်သော နေရာ တစ်ခုခု တွင် တစ်နာရီခန့် တင်ထားပါ။ ရေငွေ့စုပ်သည့်အထုတ်လေးများနှင့်အတူထားခြင်း ကလည်း ကောင်းသော နည်းလမ်းတစ်ခုပါ။

Another Alternative : Using Electric Disinfection Dryer

နားကြားကိရိယာကို ပိုးသတ်ရန်နှင့် အခြောက်ခံရန် Electric Disinfection Dryer များကိုဝယ်ယူ ထားခြင်းကလည်း အကြံကောင်းပါ။ ဒီလို စက်တွေက နားကြားကိရိယာမှာ ကပ်နေတဲ့ ပိုးမွှားများအပြင် နားကြပ်ရဲ့အစိုဓာတ်များနဲ့ အနံ့ဆိုးများကို ဖယ်ရှားပေးမှာပါ။ ရေစိုသွားချိန်မှာလည်း အလွယ်တကူ သန့်စင်အခြောက်ခံလို့ရပါသေးတယ်။

Electric Disinfection Dryer ကို ဘယ်လိုသုံးမလဲ?

‼️စက်မှ ဓာတ်ခဲကို ထုတ်ပါ။

‼️ နားကြားကိရိယာနဲ့ ဓာတ်ခဲကို အဝတ်ခြောက်နဲ့ သုတ်ပါ။

‼️Dryerထဲသို့ နားကြားကိရိယာကိုထည့်ပါ။

‼️Dryerကိုစတင်ဖွင့်ပါ။  ပိုမိုစိတ်ချစေရန် နှစ်ကြိမ်မှ သုံးကြိမ်အထိ အခြောက်ခံလို့ရပါတယ်။

‼️သတ်မှတ်ချိန်ပြည့်ပါက နားကြားကိရိယာ အလုပ် လုပ်မလုပ် ဓာတ်ခဲထည့်ပြီးပြန်စမ်းသပ်ကြည့်ပါ။

Note : စက်ထဲ ဝင်သွားတဲ့ရေက Fresh Water မဟုတ်ဘဲ ရေဆိုးရေညစ်နဲ့ Salty Water ဖြစ်ခဲ့ပါက အထက်ပါ အဆင့်များမလုပ်ဆောင်မီ ရေသန့်နဲ့ တစ်ထပ် ဆေးကြောပေးပါ။ ပြီးမှအခြောက်ခံတဲ့အဆင့်ကိုသွားရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *