Digital Electrolarynx ဆိုတာဘာလဲ?

Digital Electrolarynx ဆိုတာ Battery ထည့်ပြီးအသုံးပြုရတဲ့ စကားပြောစက်တစ်မျိုးဖြစ်ပါတယ်။

ကျနော်တို့ စကားပြောရင် ပါးစပ်၊ လည်ပင်း ကြွက်သားတွေ အသုံးပြုပြီး အသံအိုး တုန်ခါစေပြီး အသံထွက် စကားပြောတာ ဖြစ်ပါတယ်။

တစ်ချို့သောလူတွေမှာ အကြောင်းအမျိုးမျိုး(ဥပမာ-လည်ပင်းကင်ဆာ) ကြောင့် အသံအိုး (Vocal Cord) နဲ့ Vocal Fold ကို အပြီးအပိုင်ထုတ်လိုက်ရတဲ့အခါမျိုး (Total Laryngotomy) မှာ စကားမပြောနိုင်တော့တဲ့အတွက် စိတ်ဓာတ်ကျတာမျိုးနဲ့ အထီကျန်ဆန်တာမျိုးတွေဖြစ်တတ်ကြပါတယ်။

ဒီ Digital Electrolarynx ဟာလည်ပင်းကြွက်သားတွေကို ထောက်ပြီး Robotic Sound ကဲ့သို့အသံမျိုးနဲ့ဖြစ်စေစေကားပြောနိုင်မှာဖြစ်ပါတယ်။

Digital Electrolarynx တွေကသယ်ဆောင်ရလွယ်ကူပါ့မလား?

Digital Electrolarynx တွေက အမြဲ ကိုယ်နဲ့မကွာသယ်ဆောင်ပြီး အသုံးပြုရတဲ့ တစ်ကိုယ်ရည်သုံး စကားပြောစက်များဖြစ်တာကြောင့် သယ်ဆောင်ရလွယ်ကူပြီး သေးငယ်တဲ့ Size တွေနဲ့သာလာတာများပါတယ်။

မုတ်ဆိတ်ရိတ်စက်တစ်လုံး Size သာသာပဲရှိတဲ့ ဒီ Digital Electrolarynx တွေက Rechargeable သို့မဟုတ် တစ်ခါသုံး Alkaline ဓာတ်ခဲတွေအသုံးပြုပြီး အလုပ်လုပ်ပါတယ်။

Digital Electrolarynx တွေကဘယ်လိုအလုပ်လုပ်တာလဲ?

စက်ကထုတ်လိုက်တဲ့အသံလှိုင်းဟာ ပြင်ပ အရေပြားမှအစပြုကာ လည်ပင်း၊ ပါးစပ်နဲ့ အသက်ရှုလမ်းကြောင်းတစ်လျှောက်က ကြွက်သားတွေနဲ့ အမြေးပါးများမှတစ်ဆင့် လက်ဆင့်ကမ်းပြီး စကားပြောသံကိုဖြစ်ပေါ်စေမယ့် ပါးစပ်ရဲ့ Voice Movement များမှတစ်ဆင့် တစ်ဖက်လူနား‌လည်စေမယ့် Synthetic Voice မျိုးကို ထွက်ပေါ်စေပါတယ်။

ကောင်းကျိုးနဲ့ စိန်ခေါ်မှုများ

စကားမပြောနိုင်တော့တဲ့ Laryngotomy လူနာများအတွက်တော့ နေ့စဥ်ပြောဆိုဆက်ဆံမှုတွေမှာ သာမန်လူများနဲ့ ပြောဆိုဆက်ဆံနိုင်လာမှာဖြစ်တဲ့အတွက် စိတ်အားငယ်နေမှာမဟုတ်တော့ပါဘူး။ Electrolarynx ကိုမမြင်ဖူးတဲ့သူတွေအနေနဲ့တော့ ဒီစက်ကို အသုံးပြုနေတဲ့ သူတွေကိုမြင်ရင် ခွဲခြားဆက်ဆံခြင်းမျိုးတွေရှိလာနိုင်တာမို့လို့ Health Education ‌များများဖြန့်‌ဝေဖို့တော့လိုပါတယ်။ စိန်ခေါ််မှုအနေနဲ့ကတော့ ဒီစက်ကို ဝယ်ယူရရှိနိုင်မှု နဲ့ ငွေကြေးအင်အားနဲ့ မိသားစုရဲ့ ပံ့ပိုးမှုပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *