☁️ဒီနေ့မှာတော့ CPAP အသုံးပြုသူတွေကြားထဲ အမေးများတဲ့ Humidifier မှာ ရေမထည့်ဘဲအသုံးပြုလို့ရလားဆိုတဲ့ မေးခွန်းကိုဖြေပေးသွားမှာပါ။
??အဖြေကတော့ ရေမထည့်ဘဲအသုံးပြုလည်းရတယ်ဆိုပေမဲ့ ရေထည့်ပြီးသုံးတာကအကောင်းဆုံးပါ။??
စက်တပ်အိပ်ရင် အသက်ရှူကြပ်တယ်ဆိုတဲ့ပြဿနာကိုဖြေရှင်းဖို့ လူနာအတွက် သက်တောင့်သက်သာ အဖြစ်ဆုံး Solution က Humidifier ပါ။ ဒါပေမဲ့ Humidifier မှာ ရေမထည့်ဘဲ တပ်အိပ်လည်းအဆင်ပြေတယ်ဆိုတဲ့ သူတွေလည်းရှိပါတယ်။
Humidifier ဆိုတာ ရေထည့်ထားပြီး စက်ဖွင့်လိုက်တဲ့အခါ Water Chamber ရဲ့ အောက်ခံအပူပြားကနေတဆင့်ရေကိုနွေးလာစေပြီး အဆုတ်ထဲတိုက်ရိုက်ရှူသွင်းမဲ့ လေကို နွေးနွေးလေးဖြစ်စေတာပါ။
ဒီလို လေအေးအစား လေနွေးကို ရှူသွင်းခြင်းက လည်ပင်းနဲ့ နှာခေါင်းလမ်းကြောင်းတစ်လျှောက်မှာ မအီမသာဖြစ်ခြင်း၊ နှာခေါင်းသွေားလျှံခြင်း၊ အာခေါင်ခြောက်ခြင်း၊နှာခေါင်းပိတ်ခြင်း၊ ယားပြီးနှာချေခြင်း၊ နှာခေါင်းလမ်းကြောင်းတစ်လျှောက် ပိုးဝင်ခြင်း တို့ကို သက်သာစေနိုင်ပါတယ်။
Types of CPAP Humidifier
CPAP အသုံးပြုသူတွေအနေနဲ့ မိမိ အသက်ရှူလမ်းကြောင်းထဲဝင်လာတဲ့လေက အေးပြီးခြောက်ကပ်မနေအောင် Humidifier တွေသုံးရပါတယ်။ ဒီနေ့မှာတော့ သိထားသင့်တဲ့ Humidifier အမျိုးအစားတွေကို ဗဟုသုတအနေနဲ့ Sharing လုပ်ပေးလိုက်ပါတယ်နော်။
- Integrated Humidifer : စက်မှာ အလွယ်တကူ ဖြုတ်တပ်လို့ရတဲ့ Water Chamber အနေနဲ့ ပါဝင်တဲ့ Humidifier အမျိုးအစားပါ။ ဒီလိုအမျိုးအစား Humidifer တွေဟာ စက်မှာတစ်ပါတည်းတွဲတပ်လို့ရပြီးဖြုတ်ရလွယ်ကူတဲ့အတွက် သန့်ရှင်းရေးနဲ့ ခရီးသွားလာရေးအတွက် အင်မတန် အဆင်ပြေစေတဲ့Humidifer အမျိုးအစားဖြစ်ပါတယ်။
- Built-In Humidifer : နာမည်အတိုင်းပဲ စက်မှာ အသေတပ်ပြီးအသုံးပြုရတဲ့ Humidifer အမျိုးအစားပါ။ Water Chamber ကို သန့်ရှင်းရေးအတွက် ဖြုတ်လို့ရပေမဲ့ Unit တစ်ခုအနေနဲ့ တွဲပါပြီးသားအမျိုးအစားဖြစ်ပါတယ်။
- Stand-Alone Humidifier : Stand-alone ဆိုတဲ့အတိုင်းပဲ ဘယ် စက်နဲ့မဆိုတွဲသုံးလို့ရအောင် လုပ်ထားတဲ့ Humidifer အမျိုးအစားပါ။
- Heated Humidifer : Water Chamber အောက်ခြေမှာ အပူပြားပါပြီး moisturiserised air ကို ရေငွေ့နွေးနွေးလေးအဖြစ်ထွက်စေတာပါ။
- Waterless Humidifer : လူနာက အသက်ရှူထုတ်လိုက်တဲ့အခါ ပါလာတဲ့ အပူ (Heat) နဲ့ အစိုဓာတ်(Moisture) ကိုWaterless Humidifier မှာပါတဲ့ Paper Ridges တွေက ဖမ်းယူထားပြီး အသက်ပြန်ရှူသွင်းတဲ့အခါ အဲ့ အစိုဓာတ်ကို ရှုသွင်းစေခြင်းဖြင့် လေကို ခြောက်သွေ့ ခြင်းမရှိအောင် ထိန်းသိမ်းပေးတာပါ။
ဒါကြောင့် Humidifier မှာရေထည့်ပြီး CPAP စက်အသုံးပြုခြင်းကအကောင်းဆုံးဖြစ်ပြီးတကယ်လို့ ကိုယ်က ရေမထည့်ဘဲသုံးမယ်ဆိုရင်လည်း Humidifier Level Setting ကို အနိမ့်ဆုံးမှာထားပေးဖို့၊ ရေမထည့်လည်း တချို့ Brand တွေမှာWater Chamber ကိုဖြတ်ပြီးမှလေက ပိုက်ထဲရောက်တာမျိုးဖြစ်လို့ Humidifier ကိုဖြုတ်မထားဖို့၊ ဒါမှမဟုတ်ရေမလိုတဲ့Waterless Humidifier (BMC Brandမှာဆိုရင်တော့ Humidifier ပါတွဲပါတဲ့ Mask အမျိုးအစားကို ဝယ်ယူလို့ရပါတယ်၊) ပြောင်းသုံးကြည့်ဖို့ အကြံပြုလိုက်ပါတယ်နော်။