(၁) အလယ်နားပိုးဝင်ခြင်း (Otitis Media)
ကလေးငယ်များတွင် အဖြစ်များသည့် အအေးမိခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စသည့် အကြောင်းအရင်းများကြောင့် ပါးစပ် မှ အလယ်နား သို့ ဆက်ထားသည့် ပြွန်မှတဆင့် အလယ်နား အတွင်း သို့ ပိုးဝင်ကာ ယောင်ရမ်းလာပြီး တစ်ခါတစ်ရံ နားအတွင်း အရည်များစုနေကာ နားမကြားရခြင်းမျိုး ဖြစ်စေနိုင်ပါတယ်။
(၂) မျိုးရိုးလိုက်ခြင်း (Genetic Factors)
မိသားစုမျိုးရိုးထဲတွင် အကြားအာရုံချို့ယွင်းခြင်းကို ဖြစ်စေသော မျိုးရိုးလိုက်တတ်သည့် ရောဂါများရှိလျှင်လည်း မွေးဖွားလာသောကလေးငယ်တွင် အကြားအာရုံဆုံးရှုံးနိုင်ချေများပါတယ်။
(၃) နားအတွင်းအရည်များစု၍ ပိုးဝင်ခြင်း (Ear Infections with Fluid)
Eustachian Tube လို့ခေါ် တဲ့ ပါးစပ် မှ အလယ်နား သို့ ဆက်ထားသည့် ပြွန်က ကလေးငယ်များမှာဆိုလျှင် ပို၍ ရေပြင်ညီအနေအထားဖြစ်နေတာကြောင့် အရည်များစီးဆင်းနိုင်ဖို့ မလွယ်ကူသောကြောင့် ပြွန်အတွင်းအရည်များစုနေတတ်ပြီး ပိုးဝင်ကာ အကြားအာရုံချို့ယွင်းတတ်ပါတယ်။
(၄) နာမကျန်းဖြစ်ခြင်း (Exposure to Illnesses)
ကလေးတွေဟာ လူကြီးနဲ့ယှဥ်လျှင် ကိုယ်ခံအားနည်းနေသေးတာကြောင့် မကြာခဏ ပိုးဝင်ပြီး ဖျားနာတာမျိုး ဖြစ်တတ်ပါတယ်။ ဦးနှောက်အမြှေးပါးယောင်ခြင်း၊ ဝက်သက်၊ ရေကျောက်နှင့် တုပ်ကွေးရောဂါတွေဟာ ကလေးတွေမှာ အဖြစ်များပြီး ပိုးဝင်ခြင်း နောက်ဆက်တွဲအနေနဲ့ အကြားအာရုံထိခိုက်တာမျိုးကို ဖြစ်စေတတ်ပါတယ်။
(၅) ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း (Head Injuries)
ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းကလည်း အကြားအာရုံထိခိုက်စေပါတယ်။
(၆) ဆူညံသံများခြင်း (Loud Noises)
ကလေးငယ်များရဲ့ နားအတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းလေးတွေက နူးညွံတာကြောင့် ဆူညံသံများနှင့် မကြာခဏထိတွေ့နေရပါက အချိန်တို အတွင်းမှာ အကြားအာရုံကို ထိခိုက်စေနိုင်ပါတယ်။
(၇) အချို့သောဆေးများကြောင့် နားအဆိပ်သင့်ခြင်း (Ototoxic Drugs)
ပိုးဝင်ခြင်းအတွက် ကုသသော အချို့သော ပိုးသတ်ဆေးများက ကလေးငယ်များရဲ့ အကြားအာရုံကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဥ်တွင် ကင်ဆာဆေးသွင်းနေရသော မိခင်များမှ မွေးလာသောကလေးငယ်များဟာ အကြားအာရုံထိခိုက်နိုင်ချေပိုများပါတယ်။
✅အကြားအာရုံဟာ ကလေးတစ်ယောက်ရဲ့ ဘာသာစကားဖွံဖြိုးမှု၊ မိဘဆွေမျိုး အသိုင်းအဝိုင်းများနှင့် ပြောဆိုဆက်ဆံနိုင်မှု၊ အသက်အရွယ်အလိုက် ရှိသင့်သော မှတ်ဉာဏ်စွမ်းရည်ဖွံ ဖြိုးမှုနှင့် ပညာသင်ယူနိုင်မှုတွေအတွက် အခြေခံကျရုံသာမက မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ ပတ်ဝန်းကျင်မှ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေရဲ့ အသံတွေကို နားထောင်နိုင်ဖိုအတွက် ဘဝရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အလွန်အရေးကြီးပါတယ်‼️
✅မိဘတွေအနေနဲ့ မိမိကလေးကို မွေးကင်းစအရွယ်မှစပြီး အကြားအာရုံကောင်း၊မကောင်းကို စစ်ဆေးပေးဖို လိုအပ်ပါတယ်။ မွေးကင်းစကလေးတိုင်းဟာ အသက် ၁ လမတိုင်ခင်ကတည်းက Otoacoustic Emission (OAE) လို့ ခေါ်တဲ့ Screening Test အကြားအာရုံစစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်။