သိထားသင့်တဲ့ Autism အမျိုးအစားများ

Autism လို့ပြောလိုက်ရင် အများမျက်လုံးထဲမြင်ကြမှာက ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကလေးတွေပုံရိပ် ပဲ ဖြစ်ပါလိမ့်မယ်။ Autism ရောဂါကို ကလေးအသက် ၂ နှစ်ကနေစပြီး ရောဂါလက္ခဏာတွေကိုတွေ့ရလေ့ရှိပါတယ်။

တကယ်တော့ Autism (Autism Spectrum Disorder) လို့ပြောလိုက်ရင် အကြမ်းဖျင်း သုံးမျိုးခွဲခြားလို့ရပါတယ် ။

၁။ Autism Disorder (Classic Autism)

ဒါက လူတွေ အသိများတဲ့ Autism ရောဂါ အမျိုးအစားဖြစ်ပါတယ်။

ဒီအမျိုးအစားဖြစ်နေတဲ့သူတွေမှာ –

ဘာသာစကားမှာ သိသိသာသာ နောက်ကျခြင်း

လူမှုဆက်ဆံရေးမှာ အခက်အခဲရှိခြင်း (ဥပမာအားဖြင့် စကားပြောလျှင်မျက်လုံးခြင်းမဆုံခြင်း၊ ပြောသောစကားနဲ့ မအပ်စပ်သော ခန္ဓာကိုယ် အမူအကျင့်တစ်ခုခုကို လုပ်နေခြင်း)

ပုံမှန်မဟုတ်သော အမူအကျင့်နဲ့ စိတ်ဝင်စားမှု များရှိခြင်း (ဥပမာ ပစ္စည်းတစ်ခုကို အချိန်ကြာမြင့်စွာ စူးစိုက်နေတတ်ခြင်း သို့မဟုတ် ကိုင်တွယ်ဆော့ကစားနေတတ်ခြင်း၊ ကိစ္စတစ်ခုတည်းအကြောင်းကို အဆက်မပြတ် ပြောနေတတ်ခြင်း နဲ့ အပြုအမူတစ်ခုကို ထပ်ခါတလဲလဲ လုပ်နေတတ်ခြင်း)

ဉာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျခြင်း စတဲ့ ရောဂါ လက္ခဏာတွေကိုတွေ့ရလေ့ရှိပါတယ်။

၂။ Asperger Syndrome

ဒီအမျိုးအစား Autism တွေမှာတော့ Classic Autism  ထက်စာရင် ဘာသာစကား (Language) နဲ့ ဉာဏ်ရည်ပိုင်း မှာ ချို့ယွင်းမှုမရှိသလောက်နည်းပြီး ကျန်တဲ့အချက်တွေမှာတော့ Classic Autism နဲ့ တူညီတဲ့အချက်တွေ တွေ့ရပါတယ်။

ဒါကြောင့်သူတို့ကို Mild Autism တွေလို့်လည်းခေါ်ပါတယ်။

✅သူတို့ဟာ အနုပညာနဲ့ ဉာဏ်ရည်ပိုင်းမှာ တမူထူခြားစွာ ထူးထူးချွန်ချွန် ဖြစ်တတ်ကြတာကိုလည်းတွေ့ရပါတယ်။

သူတို့မှာ ထူးခြားတာတစ်ခုက နေ့စဉ်ပုံမှန် အလုပ်ဇယားကို အလွန် တိကျစွာလုပ်ကိုင်တတ်ကြပါတယ်။

၃။ Pervasive Developmental Disorder – Not Otherwise Specified(PDD-NOS)

ဒီအမျိုးအစားကို ပုံမှန်မဟုတ်သော Autism လို့လည်းခေါ်ကြပါတယ်။ 

✅အပေါ်က နှစ်မျိုးလုံးမှာရှိတဲ့ရောဂါလက္ခဏာ နည်းနည်းစီရှိတဲ့သူတွေကို ဒီအုပ်စုမှ ထည့်သွင်းကြပါတယ်။

✅ရောဂါလက္ခဏာများကတော့ ပြင်းထန်မှုအလွန် နည်းတဲ့အတွက် Autism မရှိဘူးလို့တောင်ထင်ရပါတယ်။ လူမှု ဆက်ဆံရေးမှာ အခက်အခဲတချို့ ရှိတာကလွဲရင် ပုံမှန်လူတွေလိုသွားလာနေထိုင်နိုင်ကြပါတယ်။

Autism လို့ပြောလိုက်ရင် ရောဂါပြင်းထန်မှုအခြေအနေ က နည်းတယ်များတယ်ဆိုပြီး တစ်သတ်မတ်တည်းပြောလို့မရပါဘူး။

လူပေါ်မူတည်ပြီး ဘာသာစကား (Language), ကြွက်သားဆိုင်ရာ လှုပ်ရှားမှု (Motor Skill), အာရုံကြော (Sensory Skills), Perception, Executive Functioning စတာတွေမှာ တစ်ခုချင်းအလိုက် အားသာချက်အားနည်းချက်က တစ်ယောက်နဲ့တစ်ယောက်ကွဲပြားပါသေးတယ်။

အထက်ပါပုံကတော့ Autism မှာထိခိုက်လေ့ရှိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းလေးတွေကို ပြပေးထားတာပါ။

Autism နဲ့ ကလေးငယ်များအကြားအာရုံချို့ယွင်းခြင်း က တကယ်တမ်းကြတော့ဆက်စပ်မှုရှိနေပါတယ်။ တစ်ချို့ကလေးတွေမှာ အမှန်တကယ်နားမကြားတာဖြစ်နိုင်ပေမဲ့ တစ်ချို့သော Autistic ကလေးငယ်များကတော့ Autism တို့ သဘာဝအရ မိမိဘာသာအလုပ်တစ်ခုကို အာရုံးစူးစိုက်နေတာကြောင့် မိမိကိုခေါ်သောအသံ၊ လက်ခုပ်တီးသံ စတာတွေကို ပြန်မထူး ပြန်လှည့်မကြည့်တာလည်းဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကလေးငယ်များကိုမွေးကတည်းက New Born Hearing Screening Test ကို စစ်ဆေးပေးထားဖို့လိုအပ်ပါတယ်။