နားကြားကိရိယာမှာ အဓိကအားဖြင့် အစိတ်အပိုင်းလေးပိုင်းပါတယ်ဆိုတာကို အရင်ရက်ကပြောပြပြီးပြီဖြစ်လို့ ဒီနေ့မှာတော့ လူသုံးအများဆုံးဖြစ်ပြီး AURA မှာလည်း Instock ရရှိနိုင်တဲ့နားကြားကိရိယာ အမျိုးအစား သုံးမျိုးရဲ့ အဓိက အစိတ်အပိုင်းတွေအကြောင်း ဗဟုသုတအနေနဲ့ Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင် မိမိ သို့မဟုတ် မိမိ ပတ်ဝန်းကျင်မှာနားကြားကိရိယာ တပ်ဆင်ရတဲ့သူ ရှိနေမယ်ဆိုရင် တပ်နေရတဲ့ နားကြားကိရိယာက ဘာအမျိုးအစားလဲ? ဘယ်လို အစိတ်အပိုင်းတွေပါလဲဆိုတာ စပ်စုကြည့်ပါဦးနော်။
အဓိကပါဝင်တဲ့အစိတ်အပိုင်းလေးပိုင်းအကြောင်းဖတ်ရန်
၁။ BTE (Behind-The-Ear)
BTE နားကြားကိရိယာတွေဟာ နာမည်အတိုင်းပဲ နားအနောက်မှာချိတ်ပြီး အသုံးပြုရတဲ့ နားကြားကိရိယာအမျိုးအစားတွေဖြစ်ပါတယ်။ နားကကြားရမဲ့အသံကို ထုတ်လွှတ်ပေးမဲ့ Receiver (Speaker) အပိုင်းက နားကြားကိရိယာကိုယ်ထည်ထဲမှာရှိနေတာဖြစ်ပြီး နားကြားကိရိယာကနေ ပလတ်စတစ် ပိုက်နဲ့ နားထဲကို Earbud ကနေတစ်ဆင့်အသံတွေပို့ပေးတာဖြစ်ပါတယ်။ BTE နားကြားကိရိယာတွေက ကမ္ဘာပေါ်မှာ အကြီးဆုံး၊ standard အကျဆုံးနဲ့ လူသုံးအများဆုံးဖြစ်ပြီး Power က အနည်းဆုံး (XS) ကနေ အကြီးဆုံး (HP) အထိ ရွေးချယ်လို့ရပါတယ်။ အသံအတိုးအချဲ့ကို စက်ရဲ့ ကိုယ်ထည်ကပဲလွယ်ကူစွာလုပ်လို့ရတဲ့ အမျိုးအစားတွေများပြီး အပြင်သိပ်သွားစရာမလိုတဲ့လူကြီးတွေနဲ့ ရှုပ်ထွေးတာတွေမကြိုက်တဲ့သူတွေအများဆုံးရွေးချယ်ကြတဲ့အမျိုးအစားပါ။ တစ်ခါသုံးဓာတ်ခဲနဲ့ရော Rechargable ရောဝယ်ယူနိုင်ပါတယ်။ Program သွင်းလို့ရတာရော မရတာရော၊ Size အသေးကနေ အကြီးဆုံးအထိ အမျိုးအစားစုံလင်စွာရှိပါတယ်။
ပါဝင်တဲ့အစိတ်အပိုင်းများ
- Hearing Aid Shell
- Ear Hook
- Microphone
- Rocker Switch (User Control)
- Left/Right indicator
- Battery Door
- Manufacture & Model Name
- Charging Contacts
၂။ RIC (Receiver-In-Canal)
RIC နားကြားကိရိယာတွေကတော့ Receiver (Speaker) တွေကထပ်ဆင်လိုက်ရင် နားထဲမှာရှိတာဖြစ်ပြီး နားကြားကိိယာရဲ့ Main ကိုယ်ထည်ကို Thin Electrical Wire နဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။ သူတို့ရဲ့ကောင်းတဲ့အချက်က ပေါ့ပေါ့ပါးပါးနဲ့ Compact ဖြစ်ပြီး Thin Tube ပဲပါတာကြောင့် နားကြားကိရိယာတပ်ဆင်ထားရတာကို လူမသိစေလိုတဲ့သူတွေနဲ့ Noise အနည်းဆုံးသာကြားချင်တဲ့ ပထမဆုံးနားကြားကိရိယာတပ်ဆင်တဲ့သူတွေ ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် နားလေးတာပိုဆိုးလာရင်တောင်မှ ပိုမိုအားပြင်းတဲ့နားကြားကိရိယာတစ်ခုလုံး အသစ်ဝယ်စရာမလိုဘဲနဲ့ ထိပ်ကပိုအားပြင်းတဲ့ Receiver (S M P HP) လဲလိုက်ရုံပဲလိုတာကြောင့် ရေရှည်အတွက်လည်း ပို Budget Save ဖြစ်ပါတယ်။ အသံအတိုးအချဲ့ကို စက်ရဲ့ ကိုယ်ထည်မှာ တိုက်ရိုက်လုပ်လို့ရတဲ့အမျိုးအစားတွေအပြင် ဖုန်းနဲ့လည်းချိတ် ဆက်လို့ရပါတယ်။ တစ်ခါသုံးဓာတ်ခဲနဲ့ရော Rechargable ရော နှစ်မျိုးလုံးရှိပါတယ်။ Program သွင်းလို့ရပြီး သေးငယ်ကျစ်လစ်တဲ့ Design နဲ့ အသံကို Noise အနည်းဆုံးဖြစ်နေမှကြိုက်တယ်ဆိုတဲ့သူတွေ ထည့်သွင်းစဉ်းစားသင့်တဲ့ အမျိုးအစားပါ။
ပါဝင်တဲ့အစိတ်အပိုင်းများ
- Hearing Aid Shell
- Cable
- Receiver
- Microphone
- Rocker Switch (user control)
- Battery Door
- Manufacturer & Model Name
- Left/ Right Receiver Indicator
- Instant Fit Earbud
- Left/ Right Hearing Aid Indicator
- Charging Contacts
၃။ ITE / Click ITE (In-The-Ear)
ITE နားကြားကိရိယာတွေကတော့ နားကြားကိရိယာတပ်ထားမှန်းလုံးဝ မသိသာစေချင်တဲ့သူတွေရွေးချယ်ကြတာဖြစ်ပြီး Ear Bud လိုပုံစံကြောင့် နေ့စဉ်လုပ်ငန်းခွင်ဝင်နေရတဲ့ သူတွေအကြိုက်ဆုံး နားကြားအမျိုးအစားတစ်ခုပါ။ သူ့မှာ မိမိရွေးချယ်လိုက်တဲ့အမျိုးအစားနဲ့နားလေးခြင်းအဆင့်ပေါ်မူတည်ပြီး တပ်လို့ရတဲ့ အမျိုးအစားရော တက်လို့မရတဲ့အမျိုးအစားတွေပါရှိပါတယ်။ အများစုက အသံအတိုးအချဲ့ကို နားကြားကိရိယာမှ လုပ်လို့မရနိုင်ဘဲ ဖုန်းနဲ့သာချိတ်ဆက်ပြီး လုပ်လို့ရတာကြောင့် လက်ကိုင်ဖုန်းကိုယ်ပိုင်ရှိမှသာ ရွေးချယ်သင့်တဲ့အမျိုးအစားလည်းဖြစ်ပါတယ်။ သေးငယ်တဲ့ စက်ကိုယ်ထည်ကြောင့် အသုံးပြုရတဲ့ Battery Size ကလည်းသေးမှာဖြစ်ပြီး BTE အမျိုးအစားတွေလောက်တော့ အားကမခံတာကိုလည်းသတိပြုသင့်ပါတယ်။ ဒါပေမဲ့ နေ့စဉ်အသုံးပြုမဲ့သူတွေအတွက် အင်မတန် သက်တောင့်သက်သာဖြစ်ပြီး သေးငယ်တဲ့ နားကြားကိရိယာအမျိုးအစားဖြစ်တာကြောင့် ထည့်သွင်းစဉ်းစားဖို့ထိုက်တန်တဲ့ နားကြားကိရိယာအမျိုးအစားတစ်ခုပါ။ ဒီအမျိုးအစားထဲမှာတော့တစ်ခါသုံးဓာတ်ခဲနဲ့သာလာပါသေးတယ်။ Program သွင်းလို့ရတဲ့ Model များပါတယ်။
ပါဝင်တဲ့ အစိတ်အပိုင်းများ
- Wax Guard
- Shell
- Microphone
- Windscreen microphone protection
- Battery Compartment
- Removal Cord