အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိတဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ နေထိုင်မှု ဘဝပုံစံကို ကောင်းမွန်တဲ့အလေ့အကျင့်တွေဖြစ်အောင် ဂရုစိုက်ခြင်းက ရောဂါအခြေအနေ ပိုဆိုးမလာအောင် ထိန်းသိမ်းရာရောက်တဲ့အပြင် အခြားသောကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများ ရရှိစေနိုင်ပါတယ်✅
အခုလိုစိတ်ဖိစီးမှုများလာတဲ့ကာလ မှာ ကျနော်တို့ကိုယ်တိုင်သတိမထားမိဘဲ ကျန်းမာရေးကိုထိခိုက်စေတဲ့ အပြုအမူအချို့ကို ပြုလုပ်မိတတ်ကြပါတယ်။ စိတ်ထွက်ပေါက်အနေနဲ့ အရက်၊ ဆေးလိပ်သောက်တာ၊ ညဘက်တွေအိပ်မပျော်လို့ အိပ်ဆေးသောက်ရတာမျိုးတွေက စိတ်ဖိစီးမှု ကို မပြေပျောက်စေတဲ့အပြင် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်လာနိုင်စေပါတယ်။
အထူးသဖြင့် အိပ်ဟောက်ရှူပိတ်ရောဂါ (OSA) ရှိသူတွေအနေနဲ့ အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းတွေကို မရှောင်ကြဥ်ဘူးဆိုရင် ကုသမှုတွေက ထိရောက်မှုရှိမှာမဟုတ်တဲ့အပြင် ရောဂါအခြေအနေကို ပိုပြီးဆိုးလာစေနိုင်ပါတယ်⚠??
✅အရက်၊ အိပ်ဆေးသောက်ခြင်းက လျှာနှင့် လည်ပင်းမှာရှိတဲ့ ကြွက်သားတွေ ကို ပြေလျော့စေတာကြောင့် အသက်ရှူလမ်းကြောင်းပိတ်တတ်ပါတယ်။ OSA ရောဂါအခံရှိသူတွေဟာ အစကတည်းက အသက်ရှူလမ်းကြောင်းပိတ်နေတာကြောင့် အရက်၊ အိပ်ဆေးများသောက်ခြင်းက ရောဂါ ကို ပိုဆိုးစေပါတယ်။ ဒါ့အပြင် အသက်ရှူနှုန်း ကို လည်း နှေးသွားစေတာကြောင့် အသက်ရှူမဝတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။
✅အရက်သောက်လိုက်ရင် စိတ်ကမှိုင်းသွားပြီး အိပ်ပျော်တာမြန်တယ်ဆိုပေမယ့် ကျနော်တို့ရဲ့ ပုံမှန် အိပ်ချိန်စက်ဝန်း ကို ကမောက်ကမ ဖြစ်စေပါတယ်။ ကောင်းမွန်တဲ့အိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်တာမျိုးမဟုတ်ဘဲ တစ်ညလုံး မကြာခဏ နိုးနေတတ်ပါတယ်။ ဒီလို မကြာမကြာနိုးနေခြင်းက ပုံမှန် အသက်ရှူတဲ့ပုံစံ ကို အနှောင့်အယှက်ဖြစ်စေပြီး OSA ရောဂါကို ပိုဆိုးစေတတ်ပါတယ် ❎❎
✅အိပ်ဆေးနှင့် အရက်က အသက်ရှူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်းမှုတွေ ကို ဖြစ်စေတာကြောင့် အသက်ရှူမဝဖြစ်တာ၊ အဆုတ်ထဲကို လေကောင်းကောင်းမရောက်တာတွေ ဖြစ်ပြီး OSA ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
ဒါကြောင့် OSA ရောဂါရှိသူတွေအနေနဲ့ ထိရောက်တဲ့ ကုသမှု ရရှိစေရန်နှင့် အသက်အန္တရာယ် ထိခိုက်မှု မရှိစေရန် အရက်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းတွေ ကို လုံးဝ ရှောင်ကြဥ်ဖို့လိုအပ်ကြောင်း တိုက်တွန်းချင်ပါတယ်။