ညအိပ်ချိန်ကို လုံလောက်စွာ အိပ်စက်ခြင်းက နှလုံးကျန်းမာရေး၊ သွေးပေါင်ချိန် မှန်ကန်စွာ ထိန်းညှိပေးနိုင်ခြင်း၊ အခြားသော ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို ကောင်းမွန်စွာအလုပ်လုပ်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ များစွာရရှိစေနိုင်ပါတယ်။✅✅
ဒီနေ့မှာတော့ သွေးတိုးရောဂါရှိသူတွေအတွက် အိပ်ချိန်လုံလောက်စွာအိပ်စက်ခြင်းက ဘယ်လို အကျိုးကျေးဇူးတွေပေးနိုင်လဲဆိုတာ မျှဝေပေးသွားပါမယ်။📝📝
၁။ သွေးပေါင်ချိန်ထိန်းညှိပေးခြင်း🔁
အိပ်စက်နေချိန်မှာ ကျနော်တို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ (Cortisol) လို့ခေါ်တဲ့ ဟော်မုန်းကို လျှော့ချလိုက်ခြင်းဖြင့် သွေးပေါင်ချိန်ကျစေပြီး နှလုံးနှင့် သွေးကြောများကို အနားယူစေပါတယ်။〽
၂။ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း🔽
အိပ်ရေးပျက်ခြင်းက ကျနော်တို့ကို လွယ်လွယ်ကူကူ စိတ်ဖိစီးစေတတ်ပြီး သွေးပေါင်တက်တာမျိုး ဖြစ်စေပါတယ်။ ကောင်းမွန်စွာအိပ်စက်ခြင်းက စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးမှု များကို လျှော့ချပေးပြီ သွေးပေါင်ချိန်ကို လျှော့ချပေးနိုင်ပါတယ်။
၃။ ခုခံအားစနစ် ကောင်းမွန်စေခြင်း🔺
အိပ်ရေးပျက်တာ ရက်ကြာလာပြီဆိုလျှင် ကိုယ်ခံအားကျလာပြီး ရောဂါတွေအလွယ်တကူဝင်တတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးနှင့် သွေးကြော ဆိုင်ရာ ရောဂါများ ဖြစ်ပွားတတ်ပြီး သွေးတိုးရောဂါကိုလည်း ပိုဆိုးစေပါတယ်။ ဒါကြောင့် အိပ်ချိန်လုံလောက်ခြင်းက ကိုယ်ခံအားကောင်းစေပြီး သွေးပေါင်ချိန်မှန်အောင် ထိန်းညှိပေးနိုင်ပါတယ်။
၄။ ဟော်မုန်းပမာဏ ညီမျှစေခြင်း🔄
အိပ်စက်ခြင်းဟာ သွေးပေါင်ကိုထိန်းညှိပေးတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Renin နဲ့ Aldosterone ပမာဏကို ထိန်းချုပ်ပေးတာကြောင့် သွေးပေါင်ချိန်မှန်ကန်စေပါတယ်။
၅။ အဝလွန်ရောဂါမှ ကာကွယ်ပေးခြင်း🚫
အဝလွန်ခြင်းက အိပ်ချိန်လုံလောက်မှုမရှိခြင်းနဲ့ ဆက်စပ်နေပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးတိုး၊ ဆီးချိုနှင့် နှလုံးရောဂါများကို ဖြစ်စေတာကြောင့် လုံလောက်စွာ အိပ်စက်မည်ဆိုလျှင် အဝလွန်ခြင်းကို ကာကွယ်နိုင်ပြီး သွေးတိုးရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်မှာပါ။
၆။ နှလုံးနှင့် သွေးကြောများကို ကျန်းမာစေခြင်း✅
အိပ်စက်ချိန်လုံလောက်စွာရရှိခြင်းက နှလုံးနှင့်သွေးကြောများကို ကျန်းမာနေစေပြီး သွေးတိုးရောဂါဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သွေးတိုးရောဂါမရှိသေးသူတွေအနေနှင့် လည်းကောင်း၊ သွေးတိုးရောဂါ ဖြစ်နေတဲ့သူတွေကလည်း ပိုမဆိုးစေရန် အိပ်ချိန်ကို လုံလောက်စွာထားရှိခြင်းဖြင့် မိမိကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းနိုင်ပါတယ်။📌📌📌