အော်တစ်စင်ရောဂါ ( Autism Spectrum Disorder) အကြောင်းသိကောင်းစရာ

Autism spectrum disorder (ASD) သည် ဦးနှောက်အတွင်း ကွဲပြားမှုများကြောင့် ဖြစ်ပေါ်လာသော ဖွံဖြိုးမှုဆိုင်ရာ မသန်စွမ်းမှုတစ်ခုဖြစ်သည်။ ASD ရောဂါသည် မျိုးရိုးဗီဇကြောင့်လဲဖြစ်နိုင်သလို အခြားသောအကြောင်းအရင်းများစွာလဲရှိနေသေးပါသည်။

ASD ရှိသူများတွင် အခြားလူအများစုနှင့် မတူညီသော နည်းလမ်းများဖြင့် ပြုမူခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ အပြန်အလှန်ဆက်ဆံခြင်းများကိုတွေ့ရတတ်သည်။ သိုသော် ရောဂါရှိသူ၏ ရုပ်ရည်သွင်ပြင် သည်အခြားသူများနှင့်ကွဲပြားခြင်းမရှိတတ်ပါ။

ASD ရှိသူများတွင် တစ်ဦးနှင့် တစ်ဦး ရောဂါလက္ခဏာမတူပဲ ဦးနှောက်စွမ်းရည်များ ကွဲပြားနိုင်သည်။ ဥပမာအားဖြင့် ASD ရှိသူအချိုသည် စကားပြောဆိုမှုစွမ်းရည်အလွန်ကောင်းမွန်ပြီး အချိုတွင်မူ စကားပြောစွမ်းရည် အလွန်အားနည်းခြင်းများဖြစ်နိုင်သည်။ ASD ရှိသူအချိုသည် ၎င်းတို၏နေ့စဉ်ဘဝတွင် အကူအညီများစွာလိုအပ်သည်။ အခြားသူများမှာ ထောက်ပံ့မှုအနည်းငယ်မျှမရှိဘဲ ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ပြီး နေထိုင်နိုင်သည်။

ASD ရောဂါလက္ခဏာများသည် အသက် 3 နှစ်မတိုင်မီတွင် စတင်လေ့ရှိပြီး လုံးဝပျောက်ကင်းသည်အထိကုသရန်မဖြစ်နိုင်သေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သက်သာလာအောင်ပြုလုပ်နိုင်သည့်နည်းလမ်းများ ရှိနေပြီဖြစ်ပါသည်။

အချိုကလေးများသည် မွေးပြီး ၁နှစ်အတွင်း ASD လက္ခဏာများပြတတ်ပြီး အချို့ကလေးများတွင်မူ အသက် ၂နှစ်အထိ ရောဂါလက္ခဏာများ မပြတတ်‌ချေ။ ထိုကဲ့သိုသော ကလေးများတွင် အသက်၂နှစ်အထိ ကောင်းကောင်း ဖွံဖြိုးမှုများရှိသော်လည်း နောက်ပိုင်းတွင် ဖွံဖြိုးမှုများရပ်သွားပြီး ရရှိပြီးသားစွမ်းရည်များပါ ပြန်လည်ဆုံးရှုးတတ်သည်။

ASD ရှိသောကလေးများသည် မြီးကောင်ပေါက်အရွယ်နှင့် လူငယ်များဖြစ်လာသည်နှင့်အမျှ ၎င်းတိုသည် သူစိမ်းများနှင့်ခင်မင်ရင်းနှီးမှုတည်ဆောက်ရန်နှင့် လူအချင်းချင်းဆက်ဆံမှုထိန်းသိမ်းရန်၊ လုပ်ဖော်ကိုင်ဖက်များနှင့် လူကြီးများနှင့် ဆက်သွယ်ခြင်း၊ ကျောင်းတွင်အပြုအမူဆိုင်ရာအားနည်းချက်များရှိလာခြင်း စသည့်ပြသနာများဖြစ်လာနိုင်သည်။ ထိုအပြင် အချိုသောစိတ်ပိုင်းဆိုင်ရာပြသနာများ- စိတ်ဖိစီးခြင်း၊ စိတ်ကျခြင်း ၊ အာရုံစိုက်မှုအလွန်နည်းခြင်း (သို) အလွန်များခြင် စသည်တိုသည် ASD ရှိသော ကလေးများတွင်ပို၍အဖြစ်များတတ်သောကြောင့် ကျန်မာရေးပညာရှင်များ အကူအညီများလိုအပ်တတ်သည်။