Threesheep Sound Therapy Device

🐑 Three Sheep – White Noise Therapy Machine 🐑


🎶🎵 White Noise Therapy Machine ဆိုတာကတော့ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံလေးတွေကို မိမိပတ်ဝန်းကျင်မှာ အမြဲကြားနေရအောင် ထုတ်လွှတ်ပေးမယ့် စက်ကလေးတွေဖြစ်ပါတယ်။ 🎧🎼
🌀 အလုပ်ခွင် နဲ့ စာကျက်ချိန်တွေမှာ ပတ်ဝန်းကျင်အသံတွေကြောင့် အာရုံစူးစိုက်ရခက်ခဲနေတဲ့သူတွေ
🌀 အိမ်ထောင်ဖက်ဟောက်သံကြောင့် အိပ်မပျော်တဲ့သူတွေ
🌀 ကလေးရှိတဲ့ မိဘတွေ
🌀 Tinnitus အတွင်းနားထဲမှ အသံစူးစူးများ အလိုလျောက်ကြားနေသော ရောဂါသမားများတွေ အတွက် အထူးသင့်တော်ပါတယ်။
🌊🕊💨 စမ်းချောင်းသံ၊ ပင်လယ်လှိင်းသံ၊ ကျေးငှက်အော်သံ၊ လေတိုးသံ၊ ကလေးနှလုံးခုန်သံ စဖြင့် စက် အမျိုးအစားကိုလိုက်ပြီး အသံ (၈) မျိုးမှ (၁ဝ) မျိုး ပါဝင်ပါတယ်။ 💓🏞
🔊 အသံအတိုးလျော့၊ အသံပြောင်း စတာတွေကို အလွယ်တကူလုပ်နိုင်ပါတယ်။ စက်တိုင်းမှာ Timer ပါဝင်ပြီး Bluetooth speaker လိုအသုံးပြုနိုင်သော စက်အမျိုးအစားလည်း ပါဝင်ပါတယ်။

💧 A2 Aroma Diffuser Bluetooth Sound Machine 💧


🌬 Aroma Therapy + Humidifier + White Noise Generator + Bluetooth Speaker + Neon Lamp (5 in 1) အသုံးပြုနိုင်သော အမျိုးအစားဖြစ်ပါတယ်။ နေအိမ်၊ ရုံခန်း နှင့် Spa များအတွက် အထူးသင့်တော်သည်။ Humidifier ပါဝင်သည့်အတွက် air-con အမြဲတစေ ဖွင့်ထားသော နေရာများအတွက် လေတွင်း အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်သည်။🔊 Therapy Sounds – White noise, စမ်းချောင်းသံ၊ မိုးရွာသံ၊ လေတိုးသံ၊ ငှက်သံ၊ ကမ်းခြေသံ၊ မီးလင်းဖိုသံ၊ မိုးခြိမ်းသံ၊ သားချော့တေး (၂) မျိုး – စုစုပေါင်း အသံ (၁ဝ) မျိုးပါဝင်သည်။
⏱️ Timer – ၁၅ ၊ ၃ဝ၊ ၆ဝ၊ ၉ဝ မိနစ်
💡 Neon Lamp – လှပသော ရောင်စုံ နီယွန်မီးပါဝင်သည်။ ညအိပ်မီးအဖြစ်အသုံးပြုနိုင်သည်။
🌬 Aroma Diffuser – မိမိ နှစ်သက်သော အမွှေးဆီထည့်ပြီး မွှေးရနံကုထုံး (Aroma therapy) အဖြစ်အသုံးပြုနိုင်ပါတယ်။ ရေ 120ml ထည့်နိုင်ပြီး Soft Diffuser နှင့် Hard Diffuser ဆိုပြီး ရေငွေ့ထွက်ပုံ ၂ မျိုး ပါဝင်ပါတယ်။ လေတွင်းအစိုဓာတ်ကို ထိန်းသိမ်းပေးသဖြင့် အသားအရည်ကို ရေဓာတ်ပြည့်ဝစေသည်။
📲 Bluetooth Mode – ဖုန်း၊ tablet, computer တိုဖြင့် ချိတ်ဆက်ပြီး bluetooth speaker ကဲ့သို အသုံးပြုနိုင်ပါတယ်။

👼🏻 K2 Sound Therapy Machine 👼🏻

👶🏻💤 ကလေးငယ်လေးတွေကို သိပ်တဲ့အခါမှာ အခန်းထဲမှာ တိတ်ဆိတ်မနေပဲ ပုံမှန်အသံတစ်ခု ကြားနေရရင် သူတိုလေးတွေ စိတ်လုံခြုံပြီး ပိုအိပ်ပျော်တယ်လို ဆိုပါတယ်။ အဲ့ဒီအတွက် ဒီ K2 Sound Therapy Machine က ကလေးတွေနဲ့ ကိုက်ညီပြီး စိတ်ချရတဲ့ ငြိမ့်ညောင်းတဲ့ အသံလေးတွေ ထုတ်ပေးမှာပါ။ ဒီအသံလေးတွေကို ဖွင့်ထားတဲ့အခါ ကလေးတွေလည်း ပိုအိပ်ပျော်ပြီး လူကြီးတွေ စကားသံကြားလို လန့်နိုးတာမျိုးလည်း မဖြစ်တော့ပါဘူး။

🌀 ဒီစက်ကလေးရဲ့ထူးခြားချက်ကတော့ ကလေးငယ်တို အလေ့အကျင့်ဖြစ်နေတဲ့ အမေ့ဝမ်းထဲနေခဲ့တဲ့ ကိုးလခွဲမှာ အမြဲကြားခဲ့ရတဲ့ နှလုံးခုန်သံနဲ့ သားသား မီးမီးတို potty train ဖိုအတွက် ရှူးတည် တဲ့အသံလည်းပါတယ်နော်. 🌀

🔊 ပါဝင်တဲ့အသံ (၈) မျိုးကတော့ – ရေလှိင်းသံ၊ ကလေးနှလုံးခုန်သံ၊ white noise, Shush, သားချော့တေး၊ မိုးရွာသံ၊ မိုးခြိမ်းသံ၊ ငှက်သံ တိုဖြစ်ပါတယ်။
⏱️ Timer – ၁၅ /၃ဝ / ၆ဝ မိနစ်
🔌 USB power supply ဖြင့် အားသွင်းနိုင်ပြီး battery နှင့် သုံးစွဲနိုင်သည်။

☀️ S11 Sleep Therapy Machine ☀️

👨🏻‍💻 ဒီစက်ကလေးကတော့ ရုံးခန်းနှင့် စာကျက်ချိန် အာရုံစူးစိုက်လိုသော ကျောင်းသားများအတွက် အထူးသင့်တော်ပါသည်။ 👩🏻‍💻

🌀 ပတ်ဝန်းကျင်အသံများကြောင့် အာရုံစူးစိုက်ရခက်သူများ၊ ညဉ့်နက်ထိ စာကျက်၊ အလုပ် လုပ်တတ်သူများ၊ အိမ်တွင်တစ်ယောက်တည်းနေသူများ Sleep Thearpy Machine မှထွက်သော သာယာနာပျော်ဖွယ် အသံလေးများ ဖွင့်ထားနိုင်ပါသည်။ 🌀

🔊 မီးလင်းဖိုသံ၊ စမ်းချောင်းသံ၊ မိုးခြိမ်းသံ၊ မိုးရွာသံ၊ လေတိုးသံ၊ သားချော့တေး၊ white noise, ရေလှိုင်းသံ၊ ငှက်သံ – အသံ (၉) သံပါဝင်သည်။ ⏱️ Timer – ၃ဝ / ၆ဝ / ၉ဝ မိနစ် ပေးနိုင်သည်။
⏰ Built-in Alarm clock နှင့် temperature indicator ပါဝင်သည်။ 🌡
🔌 USB power supply ဖြင့် အားသွင်းနိုင်ပြီး battery နှင့် သုံးစွဲနိုင်သည်။

🦋 S10 Sleep Therapy Machine 🦋

🌀 ရိုးရှင်းပြီးလှပသော Touch Screen Design နှင့် ပေါ့ပါးပြီး အသုံးပြုရလွယ်ကူသည်။ 🌀

👩🏻‍💻👨🏻‍💻 ရုံးခန်းနှင့် စာကျက်ချိန် အာရုံစူးစိုက်လိုသော ကျောင်းသားများအတွက် အထူးသင့်တော်ပါသည်။ ပတ်ဝန်းကျင်အသံများကြောင့် အာရုံစူးစိုက်ရခက်သူများ၊ ညဉ့်နက်ထိ စာကျက်၊ အလုပ် လုပ်တတ်သူများ၊ အိမ်တွင်တစ်ယောက်တည်းနေသူများ Sleep Thearpy Machine မှထွက်သော သာယာနာပျော်ဖွယ် အသံလေးများ ဖွင့်ထားနိုင်ပါသည်။ 😴💟

🔊 White Noise, လေတိုးသံ၊ ပင်လယ်လှိင်းသံ၊ မီးလင်းဖိုသံ၊ သားချော့တေး၊ မိုးခြိမ်းသံ၊ စမ်းချောင်းသံ – အသံ (၈) သံပါဝင်သည်။
⏱️ Timer – ၃ဝ / ၆ဝ / ၉ဝ မိနစ် ပေးနိုင်သည်။
🔌 USB power supply ဖြင့် အားသွင်းနိုင်ပြီး battery နှင့် သုံးစွဲနိုင်သည်။

Leave a Reply

Your email address will not be published. Required fields are marked *