ဘာကြောင့်ထိပ်ကပ်နာရောဂါဖြစ်သလဲ?
ထိပ်ကပ်နာရောဂါဖြစ်ရခြင်းအကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံးက ပိုးဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ ပိုးဝင်တဲ့ အထဲမှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်း နဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းဆိုပြီး ၂ မျိုးရှိပါတယ်။
98% က ဗိုင်းရပ်စ်ပိုးဝင်ခြင်း (Virus) ကြောင့်ဖြစ်ပြီး လက္ခဏာတွေက ရက်သတ္တပတ်အနည်းငယ်ကြာရင် ပျောက်သွားတတ်ပါတယ်။ 2% ကတော့ ဘက်တီးရီးယာပိုးဝင်ခြင်းကြောင့်ဖြစ်တတ်ပြီး ရောဂါလက္ခဏာတွေ ပိုပြင်းထန်ပြီး ပျောက်ဖို့ရန်လည်း လနဲ့ချီပြီးကြာတာမျိုး ဖြစ်နိုင်ပါတယ်။Reference
နှစ်ရှည်လများ နှာစေး၊ နှာပိတ်ဖြစ်ခြင်းက ထိပ်ကပ်နာရောဂါလား?
ထိပ်ကပ်နာကို အမျိုးအစားအားဖြင့်
- ရုတ်တရက် ဖြစ်တဲ့ ထိပ်ကပ်နာ (ရက်သတ္တပတ် ၄ ပတ်အောက်ဖြစ်ခြင်း) ကို Acute Rhinosinusitis
- ရက်သတ္တပတ် ၄ ပတ် မှ ၁၂ ပတ် အထိကို Subacute Rhinosinusitis
- ရက်သတ္တပတ် ၁၂ ပတ်ကျော်လျှင် နာတာရှည်ထိပ်ကပ်နာ (Chronic Rhinosinusitis)
- တစ်နှစ်ပတ်လုံး ၄ကြိမ်နှင့် အထက်ဖြစ်ခြင်းကို ခဏခဏပြန်ဖြစ်တတ်သော ထိပ်ကပ်နာ (Recurrent Rhinosinusitis) ဆိုပြီး သတ်မှတ်ထားပါတယ်။
ရောဂါလက္ခဏာများ
- နှာခေါင်းပိတ်ခြင်း၊ နှာရည်အချွဲအပျစ်များ ကျခြင်း။
- ပါးရိုးနာခြင်း။
- နားကိုက်ခြင်း။
- နားထဲမှလေထွက်သလိုခံစားရခြင်း။
- နားအူခြင်း စတဲ့လက္ခဏာတွေ အဖြစ်များတတ်ပါတယ်။
နာတာရှည်ထိပ်ကပ်နာရောဂါမှာတော့ နှာပိတ်တာကို သက်သာစေဖို့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုတစ်ခုဖြစ်တဲ့ နှာခေါင်းမှ လေကို ပြန်မှုတ်တဲ့ အလေ့အကျင့် ရှိနေတတ်ပါတယ်။
ဘယ်လိုကုသရမလဲ?
ထိပ်ကပ်နာရောဂါက ဗိုင်းရပ်စ်ကြောင့် ရုတ်တရက်ခဏတာဖြစ်တာမျိုးဆို စိတ်ပူစရာ မရှိပေမဲ့ ဘက်တီးရီးယာကြောင့် နာတာရှည်ဖြစ်လာပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသပြီး ဆရာဝန်ညွှန်ကြားမှုနှင့်အညီ ပဋိဇီဝဆေးတွေ သောက်ဖို့လိုတယ်။
ထိပ်ကပ်နာရှိတဲ့သူတွေက ဘယ်လိုနေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်ပါသလဲ?
- နှာခေါင်းဆေးရည်အသုံးပြုပေးလို့ရပါတယ်။ (နှာခေါင်းဆေးခြင်းအကြောင်း)
- မိမိနှင့် မတည့်တဲ့ အစားအသောက်တွေကို ရှောင်ရမယ်။
- လေကောင်းလေသန့်ရှူပေးရမယ်။ အကယ်၍ မိမိအခန်းက လေဝင်လေထွက် မကောင်းရင် Humidifier သုံးလို့ရတယ်။ (Three Sheep A2 Aroma Diffuser Bluetooth Sound Machine)
- ရေများများသောက်ပေးရပါမယ်။
- Warm Compresses လို့ခေါ် တဲ့ ရေနွေးနွေးလေး စွတ်ထားတဲ့ အဝတ်နဲ့ နှာခေါင်းလေအိတ်လေးတွေရှိတဲ့နားတစ်ဝိုက်ကို ကပ်ပေးလို့ရတယ်။
- သစ်ပင်၊ ပန်းပင်တွေက ဝတ်မှုန်တွေကြွေတဲ့အချိန်မှာဆိုရင် ဂရုစိုက်ရမယ်။
နာတာရှည်ထိပ်ကပ်နာဖြစ်လာပြီဆိုရင်တော့ ဆေးကုသမှုအပြင် အထက်ပါ နေထိုင်မှုပုံစံတွေကိုလည်း ဆင်ခြင်သင့်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ နှာခေါင်းဆေးရည် လိုအပ်ပါက ကျနော်တို့ Aura Healthcare မှာ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ပါတယ် ခင်ဗျာ။
Shop.com.mm | Waterpulse Nasal Irrigator
Shop.com.mm | Nasal Rinse Salt