မွေးကင်းစကလေးငယ်များနှင့် အကြားအာရုံလက်ဆောင်

ဒီနေ့မှာတော့ Aura Healthcare အနေနဲ့ ကလေးတွေအတွက် အကြားအာရုံနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးဗဟုသုတအချို့ ကို မျှဝေပေးချင်ပါတယ်?

အကြားအာရုံက ကလေးတစ်ယောက်အနာဂတ်အတွက်ဘယ်လောက်ထိအရေးပါလဲ??

✅အကြားအာရုံဟာ ကလေးတစ်ယောက်ရဲ့ ဘာသာစကားဖွံဖြိုးမှု၊ မိဘဆွေမျိုး အသိုင်းအဝိုင်းများနှင့် ပြောဆိုဆက်ဆံနိုင်မှု၊ အသက်အရွယ်အလိုက် ရှိသင့်သော မှတ်ဉာဏ်စွမ်းရည်ဖွံ ဖြိုးမှုနှင့် ပညာသင်ယူနိုင်မှုတွေအတွက် အခြေခံကျရုံသာမက မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ ပတ်ဝန်းကျင်မှ အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေရဲ့ အသံတွေကို နားထောင်နိုင်ဖိုအတွက် ဘဝရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အလွန်အရေးကြီးပါတယ်‼️

မိဘတွေအနေနဲ့ မိမိကလေးကို မွေးကင်းစအရွယ်မှစပြီး အကြားအာရုံကောင်း၊မကောင်းကို စစ်ဆေးပေးဖို လိုအပ်ပါတယ်။ မွေးကင်းစကလေးတိုင်းဟာ အသက် ၁ လမတိုင်ခင်ကတည်းက အကြားအာရုံစစ်ဆေးမှုကို ပြုလုပ်သင့်ပါတယ်

မွေးကင်းစကလေးတွေ နားအကြားအာရုံချို့ယွင်းမှုရှိမရှိသိနိုင်ဖို့ Otoacoustic Emission (OAE) လိုခေါ်တဲ့ Screening Test ကို ပြုလုပ်နိုင်ပါတယ်??

Otoacoustic Emission (OAE) လို Screening Test ကိုဘာကြောင့်လုပ်သင့်တာလဲ? ဘာအကျိုးကျေးဇူးတွေရနိုင်လဲ?

✨OAE နှင့်အတူ အခြားသော Screening Test များကို စမ်းသပ်ခြင်းအားဖြင့် နားအကြားအာရုံ ချိုယွင်းမှုရှိမရှိ နှင့် အကြားအာရုံနှင့် သက်ဆိုင်သော ပြဿနာများရှိလာနိုင်ချေကိုလည်း ဆန်းစစ်နိုင်ကာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ပါတယ်⚠️⚠️

✨အကြားအာရုံချို့ယွင်းမှုရှိနေခဲ့လျှင်လည်း စောစောသိနိုင်တဲ့အတွက်ကြောင့် ကုသမှုစောစောခံယူနိုင်ပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်တွေမှာ ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် လျှော့ချပေးနိုင်ပါတယ်✅✅

✨တကယ်လို့ ကိုယ့်မျိုးရိုးက အကြားအာရုံနဲ့ပတ်သတ်တဲ့ရောဂါမျိုးရှိခဲ့ရင် မိမိကလေးမှာ အကြားအာရုံထိခိုက်နိုင်တဲ့ Risk ရှိတာကြောင့် ဒီ Screening Test ကိုပိုလို့တောင်လုပ်သင့်ပါသေးတယ်။

✨တကယ်လို့ မိမိကလေးက အကြားအာရုံနဲ့ပတ်သတ်တဲ့ ချို့ယွင်းမှု တစ်စုံတစ်ရာ ရှိခဲ့ရင်တောင် စောစော သိထားတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ Intervention တွေကို ပိုစောစော ပြုလုပ်နိုင်တဲ့အတွက် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေမှာပါ။

OAE ဆိုတာ ဘာလဲ?

▪️Ear ရဲ့ အစိတ်အပိုင်း သုံးပိုင်းဖြစ်တဲ့ Outer Ear, Middle Ear နဲ့ Inner Ear အနက်မှာ Inner Ear ထဲမှာ ပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Cochlea ထဲက Hair Cells ရဲ့ Function ကောင်းမကောင်း ကို စမ်းသပ်တာ ဖြစ်တယ်။

▪️ပြင်ပက လာတဲ့ အသံလှိုင်းက Inner Ear မှာ ရှိတဲ့ Hair Cells တွေကို ရိုက်ခတ်ပြီး အဲ့ Hair Cells လေးတွေကို တုန်ခါစေတယ်။ အဲ့တုန်ခါမှုကြောင့် ပြန်ထွက်လာတဲ့ တန်ပြန် အသံလှိုင်းတိုးတိုး (Echo)က အလယ်နား (Middle Ear)ကို ပြန် ရောက်လာတယ်။ အဲ့ ပြန်လာတဲ့ အသံကို Emission လို့ခေါ်တယ်။ OAE (Otoacoustic Emission) ဆိုတာအဲ့ echo သံရှိမရှိ စမ်းသပ်တာ ဖြစ်တယ်။

? ဒါကြောင့် မိဘတွေအနေနဲ့ Healthcare Professional များနှင့်တိုင်ပင်ပြီး Newborn Hearing Screening Tests များကို လုပ်ဆောင်ပေးခြင်းအားဖြင့် မိမိရင်သွေးငယ်တွေရဲ့ ဘဝတစ်လျှောက်လုံးအတွက်အရေးပါတဲ့ “ကောင်းမွန်တဲ့အကြားအာရုံ” ကို လက်ဆောင်အနေနဲ့ ပေးနိုင်ပါတယ်???‍?‍?‍?