
အကြောင်းအရင်းတစ်ခုခုကြောင့် အသံအိုးကိုအပြီးအပိုင်ထုတ်လိုက်ရတဲ့ လူနာတွေမှာ စကားမပြောနိုင်တော့တာကြောင့် စိတ်ဓာတ်ကျခြင်းနဲ့ အခြားလူမှုရေးဆိုင်ရာပြဿနာတွေရှိလာနိုင်ပါတယ်။ ဒါကိုဖြေရှင်းနိုင်ဖို့ စကားပြောစက်တွေအသုံးပြုလို့ရပါတယ်။
စကားပြောစက်တံဆိပ်မျိုးစုံထဲမှာ အရည်အသွေးကောင်းမွန်ပြီး ကြာရှည်စွာအသုံးပြုနိုင်တဲ့ ISO certificate ရရှိထားတဲ့ Labex Digital Electrolarynx (Bulgaria, EU) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Labex Digital Electrolarynx တွေမှာ Digital, Comfort, Extra, Harmony နဲ့ Inspiration ဆိုပြီး ငါးမျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။
INSPIRATION Electrolarynx by LABEX

စကားပြောဆိုစဥ် အသံအနိမ့်အမြင့်ကို စိတ်ကြိုက်ပြောင်းလဲနိုင်ခြင်း
လက်ချောင်းလေးနဲ့ Electrolarynx မှာပါတဲ့ Touch Panel ကို အပေါ််အောက်ရွှေ့ပေးရုံနဲ့ အသံအနိမ့်အမြင့် Intonation ကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အသံက တစ်ပြေးတည်းမဟုတ်တော့တာကြောင့် စကားပြောဆိုစဥ် တစ်ဖက်သူထံ အသံအနိမ့်အမြင့်နဲ့ မိမိ ခံစားချက်ကို ဖော်ပြနိုင်တာကြောင့် ပိုမိုသက်တောင့်သက်သာရှိတဲ့ ဆက်သွယ်ရေးကိုရနိုင်မှာပါ။
မိမိခံစားချက်ကို အသံမှတစ်ဆင့် စိတ်ကြိုက်ဖော်ပြနိုင်ခြင်း
အသံ Tone နဲ့ အတိုးအချဲ့ ကိုလည်းလိုသလိုပြောင်းလဲနိုင်ပြီး ဒါတွေအကုန်လုံးကို လက်နဲ့ မိမိစိတ်တိုင်းကျပြောင်းလဲနိုင်မှာပါ။ Default, Linear, Tonal, Asian intonation, or Dynamic Volume ပြီး မတူညီတဲ့ Intonation Mode 5 ခုပါရှိပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိဘဲ မိမိစိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။
တစ်ခုသတိပြုရမှာက ဒီ Model က Moisture Resistance တော့ မဖြစ်ပါဘူး။
HARMONY Electrolarynx by LABEX

ကျစ်လစ်တဲ့ Design
နေ့စဥ်အသုံးပြုလို့ရတဲ့ Speech Aid အနေနဲ့ ထုတ်လုပ်ထားတဲ့ ဒီ Model ကတော့ Aluminium ခလုတ်နှစ်ခုကို ဖိလို့ကောင်းတဲ့ အနေအထားအပြင် စက်ကိုအသုံးပြုနေကြောင်းသိသာစေမယ့် Soft Glowing LED Indicator ကိုထည့်သွင်းပြီးတည်ဆောက်ထားပါတယ်။
အသုံးခံတဲ့ Battery
အားတစ်ခါသွင်းထားရင် စကားပြောချိန်နာရီပေါင်း ၃၀ ကြာအသုံးပြုနိုင်မှာဖြစ်ပြီး ဒါက တစ်ပတ်မှနှစ်ပတ်အထိ နောက်တစ်ကြိမ်အားပြန်မသွင်းဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အကြိမ်ပေါင်း ၅၀၀ ကျော်အားသွင်းနိုင်ပြီး သေချာဂရုစိုက်အသုံးပြုပါက ၁၀ နှစ်လောက်ထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Metal Bodyနဲ့ ကျစ်လစ်တဲ့ Design
ပြောင်လက်နေတဲ့ Metal Body နဲ့ ခေတ်မှီပြီးကျစ်လစ်တဲ့ ပုံစံကြောင့် လက်ထဲမှာ ကိုင်တွယ်ရလွယ်ကူပြီး နေ့စဥ်ဘဝမှာ အဆင်ပြေစွာအသုံးပြုနိုင်မှာပါ။
Sound & customization
ခလုတ်များနှိပ်ပြီးမိမိစိတ်တိုင်းကျ အသံကို Customize လုပ်နိုင်တာကြောင့် မိမိတစ်ဦးတည်းနဲ့ ကိုက်ညီမယ့် သဘာဝကျတဲ့ အသံကို ရရှိနိုင်ပါတယ်။
EXTRA Electrolarynx by LABEX

စကားပြောစဥ် အသံအနိမ့်အမြင့်ပြောင်းလဲနိုင်ခြင်း
EXTRA Modle မှာဆိုရင် Speech Button ပေါ် ခလုတ်နှိပ်တဲ့ Pressure ပြောင်းပေးရုံနဲ့ အသံအနိမ့်အမြင့် Intonation ကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။
သယ်ဆောင်ရတာပေါ့ပါးခြင်း
LABEX EXTRA က စျေးကွက်ထဲမှာရနိုင်တဲ့ အပေါ့ပါးဆုံး Electrolarynx တွေထဲက တစ်ခုဖြစ်ပြီး ၇၅ ဂရမ် အလေးချိန်သာရှိတာကြောင့် နေ့စဥ်ဘဝမှာ ပေါ့ပေါ့ပါးပါးနဲ့ အသံအနိမ့်အမြင့် ပြောင်းလို့ရတဲ့ Electrolarynx ကို အသုံးပြုချင်တဲ့ သူတွေအတွက်သင့်လျော်တဲ့ရွေးချယ်မှုတစ်ခုပါ။
IP53
IP 53 ဆိုတာ ချွေး၊ မိုးဖွဲဖွဲနဲ့ ဖုန်မှုန့်တွေကို ခံနိုင်ရည်ရှိတာကြောင့် အပြင်သွားရတာနှစ်သက်သူတေံ ရွေးချယ်လို့ သင့်လျော်ပါတယ်။
COMFORT Electrolarynx by LABEX

ခလုတ်နှစ်ခုပါတဲ့ Design
ဆူညံတဲ့ ပတ်ဝန်းကျင်မှာ အသုံးပြုဖို့နဲ့ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်မှာ အသုံးပြုဖို့ ခလုတ်နှစ်ခုပါပါတယ်။ ဘယ်လိုပတ်ဝန်းကျင်မှာဖြစ်ဖြစ် မိမိလိုအပ်သလောက်အသံအကျယ်နဲ့ Confidence ရှိစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
လဲလှယ်သုံးစွဲလို့ရသော Battery 2 လုံး
၉ ဘို့ Lithium ဘတ်ထရီနှစ်လုံးနဲ့ ထိုဘတ်ထရီကိုအားသွင်းဖို့ Charging Station ပါတစ်ခါတည်းတွဲပါတာကြောင့် ဘတ်ထရီတစ်လုံးအားကုန်သွားရင် နောက်တစ်လုံးကိုအဆင်သင့် အသုံးပြုနိုင်မှာပါ။ ဘတ်ထရီတစ်လုံးကို ၄ နာရီနဲ့ အထက် အသုံးခံပါတယ်။
သုံးရလွယ်ကူခြင်း
မိမိ လိုသလို အသံ Pitch နဲ့ Volume ကိုပြောင်းလဲနိုင်တဲ့အပြင် အသုံးပြုရလွယ်ကူတဲ့ အတွက် ဘယ်သူမဆို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
DIGITAL by LABEX

အသုံးပြုရလွယ်ကူခြင်း
ဝယ်ပြီးတာနဲ့ ဘူးထဲကထုတ်ပြီး တန်းသုံးလို့ရတဲ့ Digital Labex အမျိုးအစားကတော့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးကိုပဲ အသုံးပြုလိုတဲ့ သူတွေရွေးချယ်လို့ရပါတယ်။ ဘာSetting မှမပါဝင်တဲ့ အတွက်မှားနှိပ်မိမှာ ဘာညာစိတ်ပူစရာမလိုတော့ဘူး။
Water and dust-resistant
IP 54 ဖြစ်တဲ့အတွက် ချွေးစို၊ ရေစို ဖုန်တက်ခံနိုင်ပါတယ်။ ထိန်းသိမ်းဖို့ သိပ် အချိန်မပေး၊ ဂရုမစိုက်နိုင်တဲ့ သူတွေရွေးချယ်လို့ရပါတယ်။
သေးငယ်ပြီးပေါ့ပါးခြင်း
၄ လက်မသာမြင့်ပြီး ၇၃ ဂရမ်သာလေးတဲ့ LABEX COMFORT က ဘယ်သွားသွားသယ်သွားလို့ရပြီး လည်ပင်းမှာ ချိတ်ဆွဲလို့ရတဲ့ ကြိုးလေးပါတာကြောင့် သယ်ဆောင်ရလွယ်ကူပြီး နေ့စဥ်ဘဝမှာ အဆင်ပြေချောမွေ့စေမှာပါ။