What is Labex Digital?
Labex Digital က CLASS I medical device တစ်ခုဖြစ်ပါတယ်။ အဓိက ကတော့ Low frequency ဖြစ်တဲ့ 60 to 195 Hz အတွင်းကို Mechanical vibrations အနေနဲ့ ထုတ်ပေးပါတယ်။ Vibrations နဲ့ လည်ပင်းက Oral articulation (muscles) ပေါင်းစပ်ပြီး Comprehensible speech ကို ဖန်တီးလို့ရပါတယ်။
In the box
ပါဝင်ပစ္စည်းများ
1. Labex Digital Electrolarynx device
2. 2 batteries 9V rechargeable Li-ion
3. Two socket intelligent charger
4. Labex Lanyard
5. User Manual
6. Warranty card
Parts and buttons
- Top Cap
- Start Button
- Up Button
- Down Button
- LED Indicator
- Battery Indicator
- Battery Cover
How to Use
အရင်ဆုံး Labex Digital ကို အသုံးပြုဖို့ဆိုရင် Battery ကို အရင်ထည့်ရပါမယ်။ Battery ထည့်ဖို့ဆိုရင် ဘူးထဲမှာပါတဲ့ Battery 2 ခု ထဲက တစ်ခုကိုယူပြီး Device ထဲကို ထည့်ပါ။ ထည့်ရတဲ့အပေါက်က Device ရဲ့ အောက်ဘက်ခြမ်းမှာ ရှိပြီး လှည့်ဖြုတ်ရတာဖြစ်ပါတယ်။ ထည့်တဲ့အချိန်မှာလည်း + sign နဲ့ – sign ကိုသေချာ ကြည့်ပါ။ + က device အပေါ်ဘက်ခြမ်းမှာရောက်ရမှာဖြစ်ပြီး – က device အောက်ဘက်ခြမ်းမှာ ရောက်ရမှာဖြစ်ပါတယ်။ Talk Button one or two တစ်ခုခုကို ဖိပြီး နှိပ်လိုက်မယ်ဆိုရင် အသံစထွက်လာပါလိမ့်မယ်။
ဒါဆိုရင် စကားပြောသံကြားရဖို့ ဆိုရင် Electrolarynx ကို ဖိပြီး ကိုယ့်ရဲ့ လည်မျိုဘယ်နားမှာထားရင် အဆင်ပြေလဲဆိုတာ ရှာရပါမယ်။ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် ကိုယ့် ရဲ့အကောင်းဆုံး Sweet spot ကို ရှာဖွေရပါမယ်။
အသံကောင်းကောင်းနဲ့ စကားပြောနိုင်ဖို့ ၃ရက်ကနေ၁လလောက်ထိ ကျင့်ယူရနိုင်ပါတယ် ။ ကိုယ့်ရဲ့အကောင်းဆုံးနေရာကို ရှာဖွေရာမှာ တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးရင်ပိုကောင်းပါတယ်။
Note: Battery ကို + sign နဲ့ – sign ကို မှားထည့်မိရင် Device ကိုထိခိုက်နိုင်ပါတယ်။
How to change the volume
အရင်ဦးဆုံး Down Button ကို 3 seconds လောက်ဖိထားလိုက်ပါ။ Device က စပြီးအသံထွက်လာပါလိမ့်မယ်။ စပြီးအသံထွက်လာရင် Button ကိုလွှတ်လိုက်လို့ရပါပြီ။ လွှတ်လိုက်သော်လည်း Device က ဆက်ပြီး အသံထွက်နေရပါမယ်။ ဒါဆိုရင် Volume set up mode ထဲကိုရောက်သွားပါပြီ။ Up button နဲ့ Volume increase လုပ်နိုင်ပြီး Down button နဲ့ Volume decrease လုပ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ Volume ကိုရောက်ပြီဆိုရင် Start Button ကို နှိပ်ကာ Confirm လုပ်ပေးရပါမယ်။ Device က Auto save သွားပါလိမ့်မယ် ။
How to Change the pitch
အရင်ဦးဆုံး Up Button ကို 3 seconds လောက်ဖိထားလိုက်ပါ။ Device က စပြီးအသံထွက်လာပါလိမ့်မယ်။ စပြီးအသံထွက်လာရင် Button ကိုလွှတ်လိုက်လို့ရပါပြီ။ လွှတ်လိုက်သော်လည်း Device က ဆက်ပြီး အသံထွက်နေရပါမယ်။ ဒါဆိုရင် Pitch set up mode ထဲကိုရောက်သွားပါပြီ။ Up button နဲ့ Volume increase လုပ်နိုင်ပြီး Down button နဲ့ Volume decrease လုပ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ Volume ကိုရောက်ပြီဆိုရင် Start Button ကို နှိပ်ကာ Confirm လုပ်ပေးရပါမယ် ။ Device က Auto save သွားပါလိမ့်မယ် ။
How to reset all settings to factory default
Device မှာရှိတဲ့ Buttons 3 ခုလုံးကို ဖိထားလိုက်ပါ။ စစချင်း Red LED light က Flashing ဖြစ်လာပါလိမ့်မယ်။ ဖိထားတာကို မလွှတ်ဘဲ Flashing ရပ်ပြီး LED က Solid red ဖြစ်သွားတဲ့အထိ စောင့်ပါ။ Solid red ဖြစ်သွားရင် Buttons အားလုံးကိုလွှတ်လိုက်လို့ရပါပြီ။ 3 or 4 seconds လောက်ကြာရင် Device က Factory default မှာ ရှိတဲ့ Volume and pitch ကို ပြန်ရောက်ရှိသွားပါပြီ။
Battery
Labex Digital မှာ က Battery indicator ပါပြီးတဲ့အတွက် ကြောင့် Battery level low ဖြစ်နေရင် ပြပေးပါတယ်။ အကယ်၍ batteryက ၂၀ percent ပဲချန်တော့တယ်ဆိုရင် Indicator က Blinking မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပါလိမ့်မယ်။ အကယ်၍ ၁၀ percent အောက်ရောက်နေပြီဆိုရင် Battery indicator က Solid red ကိုပြနေပါလိမ့်မယ်။ အဲ့တာဆိုရင် အားပြန်သွင်းဖို့လိုအပ်နေပြီ or battery နောက်တစ်လုံးနဲ့ချိန်းဖို့ လိုအပ်ပါပြီ။
Note : Labex Digital က Market ထဲမှာ ရှိတဲ 9V batteriesဘယ်ဟာနဲ့မဆိုသုံးလို့ရပါတယ်။
How to charge the battery
Battery ကိုအားသွင်းဖို့ဆိုရင် ဘူးထဲမှာပါတဲ့ Intelligent charger ကိုအသုံးပြုရပါတယ်။ အရင်ဦးဆုံး + sign နဲ့ – sign မှန်အောင် Socket ထဲကိုထည့်ရပါမယ် ။ Red LED light က Charger မှာ ပေါ်လာပါလိမ့်မယ်။ အဲ့တာဆိုရင် charging ဝင်နေတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အားပြည့်သွားရင် Red LED light ပျောက်သွားပါလိမ့်မယ်။
Note: စျေးကွက်ထဲမှာရှိတဲ့တခြား chargerတွေနဲ့ သုံးလို့မရပါဘူး။
Note: Labex intelligent charger နဲ့ အားသွင်းရင် Overcharge ဖြစ်တယ်ဆိုတာမရှိပါဘူး ။
Note: အကယ်၍ တစ်ခါအားသွင်းပြီးတိုင်း ၁ နာရီကျော်လောက်ပဲခံတော့တယ်ဆိုရင် End of its life cycle ကိုရောက်ခါနီးပြီဟုဆိုလိုပါတယ်။
Note: Labex Digital က IP 52 ပါတဲ့အတွက် ကြောင့် Water resistance ဖြစ်ပေမဲ့ရေစိမ်တာမျိုးတော့ မလုပ်ရပါဘူး ။