3-Ball Respiratory Exerciser
Description
- Capacity: 600ml-900ml-1200ml/sec
- Latax free
- ပါးစပ်နဲ့ လေရှူသွင်းရတဲ့ ပိုက်အဖြူလေးပါတယ်။ အရောင်သုံးရောင်ပါတဲ့ ဘောလုံး ၃ လုံး စီမှာ အသက်ရှူသွင်း ရှူထုတ်လုပ်နိုင်တဲ့ ပမာဏတွေ ရေးထားတယ်။ 600cc/ 900cc/ 1200cc ဆိုပြီး ရှိပါတယ်။
Incentive Spirometer က ဘာအတွက် အသုံးပြုရတာလဲ?
Breathing exercise အတွက် အသုံးပြုကြပါတယ်။
- နာတာရှည်အဆုတ်ရောဂါသည်များ၊
- Covid နောက်ဆက်တွဲ အဆုတ်ကျန်းမာရေးအတွက် အသက်ရှု လေ့ကျင့်ခန်းပြုလုပ်ရန် လိုအပ်သူများ၊
- ရင်ကျပ်ရောဂါရှိသူများ၊ နာတာရှည်လေပြွန်ရောင်ရောဂါရှိသူများ၊
- ဆေးလိပ်သောက်သူများ၊
- အားကစားသမားများ၊
- နှလုံး၊ အဆုတ်၊ ဝမ်းဗိုက် စတဲ့ အကြီးစားခွဲစိတ်မှုခံယူထားသူများမှာ အဆုတ်စွမ်းဆောင်ရည် မူလအတိုင်းဖြစ်စေရန်နှင့် recovery မြန်စေရန် သုံးကြတယ်။
အသုံးပြုပုံ
လေပိုက်ကို ပါးစပ်ထဲလုံအောင် ထည့်ပြီး ပါးစပ်ကနေ လေကို ဖြည်းဖြည်းချင်း အများဆုံး ရှူနိုင်သလောက် ရှူသွင်းလိုက်ပြီး ၅ စက္ကန့်လောက် ထိန်းထားပါ။ Spirometer ထဲက ဘောလုံးလေးတွေ အပေါ် ဘက် မျက်နှာပြင်ကို တက်သွားတာတွေ့ရမှာပါ။ အဆုတ်အားကောင်းသူတွေအနေနဲ့ ကတော့ 1200cc အထိလုပ်နိုင်ပါတယ်။ ၅စက္ကန့်လောက်အသက်အောင့်ထားပြီးရင်တော့ mouthpiece ကို ဖယ်ပြီး ရှူထားတဲ့လေကို ပါးစပ် သို့မဟုတ် နှာခေါင်းမှ ရှူထုတ်ပါ။ အသက်ရှူတာကို ၅စက္ကန့်ထိန်းထားတဲ့ အချိန်မှာ ကျနော်တို့ အဆုတ်ထဲက လေအိတ်တွေပွင့်သွားပြီး အောက်ဆီဂျင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် လဲလှယ်တဲ့ ဇီဝကမ္မ ဖြစ်စဥ်ဖြစ်ပေါ် လာပါလိမ့်မယ်။ ဒီဖြစ်စဥ်က သွေးတွင်းအောက်ဆီဂျင် ပမာဏကို တက်စေပြီး ကျန်းမာရေးအတွက် ကောင်းစေပါတယ်။
ဘယ်လို position နဲ့ လေ့ကျင့်ခန်းလုပ်သင့်လဲ?
- ထိုင်နိုင်တဲ့သူတွေအနေနှင့် မတ်မတ်ထိုင်ပါ။
- မထိုင်နိုင်သူဆိုရင်တော့ ကျောအနောက်ဘက်မှာ ခေါင်းအုံးထားပြီး တတ်နိုင်သမျှ မတ်အောင်ထားပေးပါ။ (အရိုးကျိုးထားသူ၊ ကျောရိုးထိခိုက်ထားသူများမှအပ)
တစ်နေ့ဘယ်နှစ်ကြိမ်လုပ်သင့်လဲ?
- နိုးနေတဲ့အချိန်တိုင်း တစ်နာရီကို ၁၀ ကြိမ်လောက်လုပ်နိုင်ရင် ကောင်းပါတယ်။ လေ့ကျင့်မှုများလေလေ များများတိုးတက်လေဖြစ်ပါတယ်။
- ပုံမှန်အတိုင်း လေ့ကျင့်ချင်ရင်တော့ မနက်၊ နေ့လည်၊ ည အစာမစားခင် ၁၀ ကြိမ်စီ လေ့ကျင့်ပေးလို့ရပါတယ်။
ဘယ်လိုလူတွေမှာ မသုံးသင့်ဘူးလဲ?
- လတ်တလောမျက်စိခွဲစိတ်ထားသူများ၊
- အဆုတ်နှင့်ရင်ခေါင်း၊ ဝမ်းဗိုက်၊ ဦးနှောက်အတွင်းရှိ သွေးကြောတစ်ချို့ ဖောင်းနေသူများ အနေနဲ့ Incentive spirometer ကို အသုံးမပြုသင့်ပါဘူး။
သတိပြုရန်အချက်များ❗
- Incentive Spirometer ကို အသုံးပြုပြီးတိုင်းမှာ Mouthpiece ကို ရေနွေး၊ ဆပ်ပြာဖြင့် သေချာဆေးပေးပါ။ ၂၄နာရီကြာအောင်စောင့်ပြီးမှ ပြန်အသုံးပြုပါ။ ပစ္စည်းတစ်ခုကို လူတစ်ယောက်ထပ်ပိုပြီး အသုံးမပြုရပါ။
- အသုံးပြုခါစမှာဆိုရင်တော့ သိပ်ပြီး သက်တောင့်သက်သာမရှိတာမျိုးကြုံရတတ်ပေမဲ့ စိတ်ပူစရာမလိုပါဘူး။
- အဆုတ်နှင့်ရင်ခေါင်း၊ ဝမ်းဗိုက်ခွဲစိတ်ကုသမှု ပြီးခါစမှာ အသုံးပြုတဲ့ လူနာတွေအနေနဲ့ ဖြည်းဖြည်းနဲ့ အသက်ပြင်းပြင်း ရှူပေးဖို့က အရေးကြီးပါတယ်။