နားကြားကိရိယာ (Hearing Aid) Vs အသံချဲ့စက် (Hearing Amplifier) 

အသံချဲ့စက်တွေ ကို (Hearing Amplifiers)/ (Personal Sound Amplification Products – PSAPs) လို့ခေါ် ပါတယ်။ တချို့တွေက နားကြားကိရိယာလို့ပဲ အလွယ်တကူ ခေါ် ကြတဲ့အတွက် ရောထွေးတတ်ပါတယ်။

နားကြားကိရိယာ (Hearing Aids) နဲ့ အသံချဲ့စက် (Hearing Amplifiers) က ပုံစံ တူသယောင်ယောင် ရှိပေမယ့် တကယ်တမ်း လုပ်ဆောင်ချက်တွေ၊ နည်းပညာတွေက အတော်ကွဲပါတယ်။ 

📢💥Hearing Amplifiers အရောင်းဆိုင်နဲ့ ကြော်ငြာတွေမှာတော့ အသံချဲ့နားကြပ်များကို Hearing Aids အစားထိုးဝယ်ယူနိုင်တဲ့ ပစ္စည်းတစ်မျိုးလို ဖန်တီးထားတတ်ပါတယ်။

ဘာတွေ ကွဲပြားလဲ ဆိုတာ စိတ်ဝင်စားရင်အောက်မှာ ဆက်လက် ဖတ်ရှုပေးပါဦးနော်။

အသံချဲ့စက် ( Hearing Amplifier)

အသံချဲ့စက်တွေက အွန်လိုင်း သို့မဟုတ် ‌ဆေးဆိုင်တွေမှာ (Over the Counter) ဝယ်လို့ရတယ်။ လူနာရဲ့ အကြားအာရုံ ကိုလည်း စမ်းသပ်စရာမလိုတဲ့ အတွက် လူနာနဲ့ ကိုက်ညီတဲ့ level မဟုတ်ဘဲ အသံအကုန်လုံးကို ချဲ့လိုက်တယ်။

အကြားအာရုံထိခိုက်မှုက ကြိမ်နှုန်း (Frequency) အလိုက် ထိခိုက်တတ်တာကြောင့် အသံအားလုံးကို ချဲ့ပေးမဲ့ အသံချဲ့စက်တွေအသုံးပြုပြီး အဆင်ပြေလာမှာ မဟုတ်ပါဘူး။

အသံချဲ့ကိရိယာတွေက အသံအားလုံး ကို ကျယ်အောင် ချဲ့ပေးတာ ဖြစ်တဲ့ အပြင် စက်၏ ဆူညံသံ ကလည်း ကျယ်ပါတယ်။ ဒါကြောင့် ရေရှည်မှာ ဆူညံသံ ကြောင့် အကြားအာရုံထိခိုက်ပြီး ပိုဆိုးသွားတာလည်း ဖြစ်နိုင်ပါတယ်။

ဆရာဝန်တွေနဲ့ပညာရှင်တွေက အသံချဲ့နားကြပ်များနှင့် နားကြားကိရိယာများကြား ခြားနားချက်ကို ကျန်းမာရေးအသိပညာပေးလျက်ရှိပါတယ်။ FDA ကလည်း အသံချဲ့နားကြပ်တွေက နားကြားကိရိယာအတွက် အစားထိုးမဟုတ်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။

[အသံချဲ့ကိရိယာ အကြောင်း အသေးစိတ် ဖတ်ရှုရန်]

Hearing Aids နားကြားကိရိယာ

နားကြားကိရိယာ (Professional Hearing Aids) တွေက FDA အသိအမှတ်ပြုထားတယ်။ လူနာရဲ့ အကြားအာရုံအခြေအနေ (Audiogram) နဲ့ ကိုက်ညီအောင်လုပ်ပြီး တတ်ကျွမ်းတဲ့ ပညာရှင်တွေကရောင်းတယ်။

လိုအပ်တဲ့ ကြိမ်နှုန်း (Frequency) ပဲ ရွေးချဲ့ ပေးတာဖြစ်လို့ နားအတွက် ဆူညံပြီး ထိခိုက်တာမျိုးလည်း မရှိပါဘူး။ ဒါကြောင့် စိတ်ချ လက်ချ တပ်ဆင် အသုံးပြု နားထောင်လို့ ရတဲ့အတွက် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန်တွေက နားကြားကိရိယာ တပ်ဆင်ဖို့ ပဲ ညွှန်းဆိုကြတာ ဖြစ်ပါတယ်။

အလုပ်လုပ်ဆောင်ပုံတွေလည်း ကွဲပြားပြီး စျေးသက်သာတဲ့ အသံချဲ့စက်တွေဟာ နားကြားကိရိယာ နဲ့ ပုံစံတူတာကြောင့် တချို့အရောင်းဆိုင်တွေမှာ အသံချဲ့စက်တွေကို နားကြားကိရိယာဆိုပြီး အလွယ်တကူ ရောင်းချနေကြတာပါ။ ဒါကြော့ဆရာဝန်တွေက နားကြားကိရိယာ (Hearing Aids) ရောင်းတဲ့ဆိုင်တွေမှာသာဝယ်ယူဖို့ ညွှန်ကြားတာဖြစ်ပါတယ်။

AURA Healthcare Center တွေမှာ ရောင်းချတဲ့ အမှတ်တံဆိပ် က AudioService (AS) [https://aura.biocaremm.com/as] ပါ။ နားကြားကိရိယာ ထိပ်တန်း ကုမ္ပဏီ Top 3 ထဲက WS Audiology အောက်က နားကြားကိရိယာ အမှတ်တံဆိပ်တွေ ထဲက တခု ပါ။ ဂျာမနီ အမှတ်တံဆိပ် ဖြစ်ပြီး စင်ကာပူ မှာ ထုတ်လုပ်ပါတယ်။ 1 Year Warranty အာမခံချက် ပေးပါတယ်။ ဒါကြောင့် အရည်အသွေးကောင်း၊ အာမခံချက် ရှိတဲ့ အမှတ်တံဆိပ် ကို ရွေးချယ်ပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးလို့ ရတဲ့ AURA Healthcare Center ကို လှမ်းလာဖို့ ဖိတ်ခေါ်ပါရစေ။

အသံချဲ့နားကြပ်များ၏အန္တရာယ်
ပုံမှန်အားဖြင့် အသံချဲ့နားကြပ်တွေကအန္တရာယ်မရှိပေမဲ့ အလွဲသုံးစားပြုပြီး ရောင်းသူတွေကြောင့် လူနာတွေမှမဖြစ်သင့်ဘဲ အကြားအာရုံဆုံးရုံးမှုတွေအလွန်များပြားလာတာပါ။ အသံချဲ့နားကြပ် (Hearing Amplifiers) နဲ့ နားကြားကိရိယာ (Hearing Aids) တွေက ပုံစံတူသော်ငြားလဲ အသုံးပြုပုံရည်ရွယ်ချက်ဟာ လုံးဝကွဲပြားတဲ့ ပစ္စည်းနှစ်ခုဖြစ်တယ်ဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်။