Stiline

STILINE

AudioService (AS) တံဆိပ် ထဲမှာ STILINE က လူကြိုက် အများဆုံး တံဆိပ်ခွဲ တစ်ခု ပါ။

သေးသွယ် ပေါ့ပါး ပြီး နားနောက်ချိတ် နားကြားကိရိယာ ဖြစ်ပြီး အားသွင်းလို့ ရတဲ့ Rechargeable အမျိုးအစားပါ။ ဒါ့အပြင် သယ်သွားလို့ ရတဲ့ Travel Battery Charger အိမ်လေး ပါတာမျိုး အခြား AudioService (AS) တံဆိပ်ခွဲတွေမှာ မရှိပါဘူး။ ဒါကလည်း နာရီ အတော်အတန်ကြာ သုံးစွဲသူတွေ အတွက် တော်တော်လေးကို အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း အခြားဟာတွေလို့ ခလုတ် တစ်ခုမှ မပါဝင်တဲ့ ဒီဇိုင်းကြောင့် ဖုန်း ကနေပဲ AudioService (AS) app က တဆင့်သာ အသံ အတိုးအကျယ်၊ Program ပြောင်းတာတို့ စတဲ့ လုပ်ငန်းဆောင်တာတွေ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

STILINE’s Invisibility

နားကြားကိရိယာ က သေးသွယ်လွန်းတာကြောင့် တကြောင်း၊ Receiver-in-Canal (RIC) ဝါယာကြိုးလေးကြောင့် တကြောင်း တော်ရုံတန်ရုံ တပ်ထားသည် ကို မသိရှိနိုင်ပေ။

STILINE’s Color

အရောင် တော်တော်များများ ရွေးချယ်လို့ ရသည်။ ဒါပေမယ့် အရောင်တိုင်းတော့ အရောင်းဆိုင်မှာ Instock မရှိတတ်ပေ။ Black အမဲရောင် ကဲ့သို့သော ပုံမှန် အတပ်များသည့် အရောင်များသာ ရှိတတ်သည်။ ရှိသည့် အရောင် နဲ့ စမ်းတပ်ကြည့်ပြီး ၂ပတ်အတွင်း အရောက် ပစ္စည်း မှာယူပေးနိုင်ပါသည်။

STILINE’s Travel Charger

မီး မှိတ်တုပ်မှိတ်တုပ် ဆိုရင် အားသွင်းနေသည်။
မီး တောက်လျှောက်စိမ်း နေရင်တော့ အားပြည့်ပြီ။
မီး အပြည့်သွင်းဖို့ကို ၃နာရီလောက် ကြာပြီး အပြည့်ရှိပါက နားကြားကိရိယာ ၃ခါ အားပြန်သွင်းနိုင်ပါသည်။

ဘက်ထရီ ကို ဘယ်လောက် ကျန်လဲ သိချင်ရင်တော့ ခလုတ်လေးကို နှိပ်စမ်းနိုင်ပါသည်။
မီး စိမ်းရင် နားကြားကိရိယာ ၂ခါ သွင်းစာ အား ရှိသေးသည်။
မီး လိမ္မော်ပြရင် နားကြားကိရိယာ ၂ခါ သွင်းစာ မရတော့ပေ။ ၁ခါ သွင်းစာပဲ ကျန်တော့သည်။
မီး လိမ္မော် မှိတ်တုပ်မှိတ်တုပ် ဆိုရင်တော့ ဘက်ထရီ အားကုန်နေပြီ ဖြစ်ပါသည်။

One Reply to “Stiline”

Comments are closed.