AudioService Smart Key

Smart Key remote control နဲ့ နားကြားကိရိယာ ကို ဘယ်လိုချိတ်ဆက်မလဲ❓

အဆင့် (၁) – Remote ရဲ့ ဘေးဘက်မှာရှိတဲ့ အစိမ်းခလုတ်လေးကို အနီလေးပေါ်လာအောင် အောက်ဘက်ကို ရွှေ့လိုက်ခြင်းဖြင့် Remote control ကို Lock လုပ်ပါ။

အဆင့် (၂) – Paring mode ဖြစ်အောင် နားကြားကိရိယာ ကို ဖွင့်ပါ။

အဆင့် (၃) – နားကြားကိရိယာ ကို နားတွင် တပ်ဆင်ပါ။

အဆင့် (၄) – Remote မှာရှိတဲ့ P ခလုတ်ကို နှိပ်ထားပြီး အဆင့် (၁) မှာ လုပ်ခဲ့တဲ့ အနီခလုတ်လေးကို အပေါ် ဘက်ကို ပြန်တင်လိုက်ပါ။ အစိမ်း‌ရောင်မီး‌လေး လင်းလာပြီဆိုရင်တော့ Remote က unlock ပြန်ဖြစ်သွားပါပြီ။

အဆင့် (၅) – “P” ခလုတ်လေးကို နှိပ်ထားပါ။ နားကြားကိရိယာကနေ confirmation sound ကြားရပြီဆိုရင် ချိတ်ဆက်မှုပြီးဆုံးသွားပြီဖြစ်ပြီး Smart Key ကို စတင် အသုံးပြုနိုင်ပါပြီ။

အဆင့် (၆) – နောက်ဆုံး အဆင့် အနေနဲ့ အဆင့် (၁) မှာလုပ်ခဲ့တဲ့အတိုင်း Remote control ကို Lock လုပ်လိုက်ပါ။ Lock လုပ်ထားခြင်းဖြင့် ခလုတ်တွေကို မတော်တဆဖိမိပြီး Programs တွေနဲ့ volume အပြောင်းအလဲ ဖြစ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

Smart Key က AudioService Brand နားကြားကိရိယာအမျိုးအစားအကုန်လုံးနဲ့ သုံးလို့ရပါတယ်။

✅အိတ်ဆောင် အရွယ်အစားဖြစ်တာကြောင့် သယ်ယူရ အဆင်ပြေတဲ့အပြင် Hearing Programs တွေနဲ့ အသံအတိုးအကျယ်ကို လွယ်ကူရိုးရှင်းစွာ လုပ်လို့ရပါတယ်။

Key Lock System ပါဝင်လို့ အသုံးပြုနေစဥ် ခလုတ်တွေ မတော်တဆ ဖိမိရင်လည်း ပြဿနာမရှိပါဘူး။

✅”P” စာလုံးပါရှိတဲ့ မျက်နှာပြင်ရဲ့ ဘယ်ဘက်ထောင့် အပေါ်က LED မီးလေးစိမ်းနေတယ်ဆိုရင် Remote ဖွင့်ထားတာကို ပြနေပါတယ်။

audioservice.com/smart-key