A312 – Hearing Aid Battery

11,000 Ks

နားကြားကိရိယာများအတွက် သီးသန့်သုံးရသော ZeniPower Zinc-Air Hearing Aid Battery

Description

ZeniPower အမှတ်တံဆိပ် နားကြားကိရိယာများအတွက်သီးသန့်ထုတ်လုပ်ထားသော Zinc-Air နည်းပညာ Battery

Zinc-Air Battery ဆိုတာ ပြင်ပကလေ (Air) နဲ့ထိတွေ့တဲ့အခါ Battery Cell အတွင်းက Zinc နဲ့ဓာတ်ပြုပြီး Zinc Oxide အဖြစ်ပြောင်းကာ Activated  ဖြစ်သွားတာပါ။ အဲ့ရည်ရွယ်ချက်အတွက်လေဝင်ဖို့ Battery မျက်နှာပြင်မှာအပေါက်လေးတွေ (Air Holes) ထည့်သွင်းထားတာပါ။

Zinc-Air ဓာတ်ရိုးခဲတွေဟာ ရိုးရိုးနာရီဓာတ်ခဲ ထက် အားပိုများပါတယ်။ အရွယ်အစားတူ နာရီဓာတ်ခဲ ကို နားကြားကိရိယာ မှာ တပ်သုံးရင် ၁ရက်လောက်ပဲ အသုံးပြုလို့ရပါတယ်။ ဒီ Zinc Air နားကြားကိရိယာ အမျိုးအစား ကတော့ အရွယ်အစားအလိုက် ရက်တော်တော်များများ ခံပါတယ်။ သတိပြုမိရမှာက ကပ်ခွါ ခွါလိုက်ပြီးတာနဲ့ သုံးသုံး မသုံးသုံး အားကုန်တယ် ဆိုတာပါပဲ။

ယေဘုယျအားဖြင့်တော့ တစ်နေ့ ပုံမှန်16နာရီအသုံးပြမယ်ဆိုရင် နားကြားကိရိယာဓာတ်ခဲများရဲ့ကြာချိန်က 5 ရက်မှ 14 ရက်ထိကြာလေ့ရှိပါတယ်။ သက်တမ်းကြာချိန်က အသုံးပြုနေတဲ့ နားကြားကိရိယာနဲ့ ဓာတ်ခဲအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

နားကြားကိရိယာဓာတ်ခဲများရဲ့ ပျမ်းမျှကြာချိန်တွေကတော့-
၁။ size 10- 3ရက်မှ7ရက်
၂။ size 312- 3ရက်မှ10ရက်
၃။ size 13- 6ရက်မှ14ရက်
၄။ size 675- 9ရက်မှ20ရက် တို့ပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်သုံးတဲ့ ဓာတ်ခဲက ပျမ်းမျှသက်တမ်းလောက်မခံတော့ဘူးဆိုရင် နားကြားကိရိယာမှာ ပြသနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။

နားကြားကိရိယာဓာတ်ခဲအားများကို အလေအလွင့်မရှိပဲ ကြာရှည်စွာအသုံးပြုနည်းများ

၁။ နားကြားကိရိယာကို အသုံးလိုမှသာတပ်ဆင်ပါ။
၂။ အသုံးမပြုတဲ့အချိန် ( ရေချိုးချိန် နဲ့ အိပ်ရာဝင်ချိန်)တွေမှာ ဘက်ထရီအိမ်လေးကို ဖွင့်ထားပေးပါ။ ဒီနည်းလမ်းက မလိုအပ်ဘဲ ဘက်ထရီကုန်တာနည်းစေသလို နားကြားကိရိယာထဲမှာ အစိုပြန်တာကိုလည်းသက်သာစေပါတယ်။
၃။ ဓာတ်ခဲတွေကို အခန်းအပူချိန်မှာပဲထားပါ။
၄။ ဓာတ်ခဲတွေကို အခြားသတ္တုတွေနဲ့ မထိတွေ့အောင် သတိထားပါ။ ( ဥပမာ- သော့၊ မျက်မှန်ကိုင်း)။ အသုံးမပြုချိန် ချွတ်ထားတဲ့အခါ သတ္တုဘူးတွေမှာ မထည့်ဘဲ ကော်ဘူးထဲတွင်သာ ထည့်ပြီး အစိုမပြန်တဲ့အထုတ်လေးတွေ ထည့်ထားပေးပါ။

Tip: အားပိုမိုခံဖို့အတွက်တော့ ကပ်ခွါ ခွါပြီးတာနဲ့ ချက်ချင်း အသုံးမပြုသေးဘဲ ၁မိနစ်ခန့် စောင့်ပြီးမှ စတင် အသုံးပြုပါက ပိုကြာရှည်ခံပါတယ်။

Reviews

There are no reviews yet.

Only logged in customers who have purchased this product may leave a review.