What is Labex Harmony ?
Labex Harmony က CLASS I medical device တစ်ခုဖြစ်ပါတယ်။ သူကအဓိက ကတော့ low frequency ဖြစ်တဲ့ 60 to 195 Hz အတွင်းကို mechanical vibrations အနေနဲ့ ထုတ်ပေးပါတယ်။ Vibrations နဲ့ လည်ပင်းက oral articulation ( muscles) ပေါင်းစပ်ပြီး comprehensible speech ကို ဖန်တီးလို့ရပါတယ်။
In the box
ပါဝင်ပစ္စည်းများ
- Labex Harmony Electrolarynx device
- USB charging cable
- Intelligent USB charger
- Labex lanyard (လည်ဆွဲကြိုး)
- User manual
- Waranty card
Parts and buttons
- Top cap
- LED Indicator
- Talk Button 1
- Talk Button 2
- Settings Button
- Red LED
- Green LED
- USB Port
- On and OFF switch
How to Use
အရင်ဆုံး Labex က battery ကို တစ်ဝက်လောက်ပဲ သွင်းပေးထားပါတယ်။ ဒါကြောင့် Battery ကို အားအပြည့်အရင်သွင်းရပါမယ်။ အားပြည့်သွားပြီဆိုမှ စသုံးသင့်ပါတယ်။
အားဘယ်လိုသွင်းရမလဲဆိုရင် သူ့ထဲမှာပါတဲ့ Labex intelligent charger နဲ့ သွင်းရပါမယ်။ plugထိုး အာလုံး ချိတ်စပ်ပြီးသွားပြီဆိုရင် Micro USB ထည့်တဲ့ အပေါက်ဘေးနားမှာ Green LED နဲ့ Red LED တစ်ပြိုင်နက်တည်းပေါ်လာပါလိမ့်မယ်။ Green LED ပေါ်လာရခြင်းက Charger နဲ့ တွဲစပ်တာမှန်ကန်မှုရှိတယ်လို့ဆိုလိုပြီး Red LED က တော့ Charging သွင်းနေတယ် အားမပြည့်သေးဘူး လို့ ဆိုလိုပါတယ်။ Battery အားပြည့်သွားမယ်ဆိုရင် Red LEDက ပိတ်သွားပါလိမ့်မယ်။
Note: အားသွင်းနေတုန်းမှာဆိုရင်တော့ အသုံးပြုလို့မရပါ။
ဒါဆို Charging ပြည့်သွားပြီဆိုရင် စက်ကို ဖွင့်ဖို့ on/off ခလုတ်မှာ Onကို လုပ်ပါ။ လုပ်ပြီးသွားရင် Talk Button one or two တစ်ခုခုကို ဖိပြီး နှိပ်လိုက်မယ်ဆိုရင် အသံစထွက်လာပါလိမ့်မယ်။
ဒါဆိုရင် စကားပြောသံကြားရဖို့ ဆိုရင် Electrolarynx ကို ဖိပြီး ကိုယ့်ရဲ့ လည်မျိုဘယ်နားမှာထားရင် အဆင်ပြေလဲဆိုတာ ရှာရပါမယ်။ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် ကိုယ့် ရဲ့အကောင်းဆုံး sweet spot ကို ရှာဖွေရပါမယ်။
အသံကောင်းကောင်းနဲ့ စကားပြောနိုင်ဖို့ ၃ရက်ကနေ၁လလောက်ထိ ကျင့်ယူရနိုင်ပါတယ် ။ ကိုယ့်ရဲ့အကောင်းဆုံးနေရာကို ရှာဖွေရာမှာ တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးရင်ပိုကောင်းပါတယ်။
How to Change the Volume
Volume setup ကိုဘယ်လိုလုပ်ရမလဲဆိုရင် အရင်ဆုံး device မှာရှိတဲ့ Talk button one က ဟာကို ချိန်ချင်တာလား သို့မဟုတ် Talk Button two က ဟာကို ချိန်ချင်တာလား ဆိုတာ သိရပါမယ်။
ဥပမာ Talk button one ရဲ့ volume ကို ချိန်မယ်ဆိုရင် Talk button one ကို အကြားကြီးဖိထားလိုက်ပါ။ ပြီးရင် Settings button ကို တစ်ပြိုင်နက်တည်း ထပ်ဖိထားရပါမယ်။ အဲ့အချိန်မှာ LED က Red ပြနေပါလိမ့်မယ်။ အချိန်တစ်ခု a few seconds ကြာတဲ့ အချိန်မှာ device ကနေ အသံစထွက်ပါလိမ့်မယ်။ အဲ့လိုစထွက်ပြီဆိုရင် talk button ရော settings button ရော ကို လွှတ်လိုက်လို့ရပါပြီ။ လွှတ်လိုက်တာနဲ့ LED က Green ကိုပြောင်းသွားပါလိမ့်မယ်။ ဒါဆိုရင် device က Volume set up modeထဲကိုရောက်သွားပါပြီ။ အသံကျယ်ချင်ရင် Talk Button One နှင့် ကျယ်ပြီး အသံတိုးချင်ရင် Talk Button Two နဲ့ တိုးကာ ကိုယ်လိုအပ်တဲ့ volume ပမာဏ ကို ချိန်လို့ရပါတယ်။ ချိန်ပြီးသွားပြီဆိုရင် Settings button နှိပ်ကာ confirm လုပ်လိုက်ပါ။ Device က Auto save လုပ်သွားပါလိမ့်မယ်။
How To Change The Pitch
Pitch setup ကိုဘယ်လိုလုပ်ရမလဲဆိုရင် အရင်ဆုံး device မှာရှိတဲ့ Talk button one က ဟာကို ချိန်ချင်တာလား or Talk Button two က ဟာကို ချိန်ချင်တာလား ဆိုတာ သိရပါမယ်။
ဥပမာ Talk button one ရဲ့ volume ကို ချိန်မယ်ဆိုရင် Settings Button ကို အကြားကြီးဖိထားလိုက်ပါ။ ပြီးရင် Talk button one (ကိုယ်ချိန်ချင်တဲ့ Button) ကို တစ်ပြိုင်နက်တည်း ထပ်ဖိထားရပါမယ်။ အဲ့အချိန်မှာ LED က Red ပြနေပါလိမ့်မယ်။ အချိန်တစ်ခု a few seconds ကြာတဲ့ အချိန်မှာ device ကနေ အသံစထွက်ပါလိမ့်မယ်။ အဲ့လိုစထွက်ပြီဆိုရင် talk button ရော settings button ရော ကို လွှတ်လိုက်လို့ရပါပြီ။ ဒါဆိုရင် device က Pitch set up modeထဲကိုရောက်သွားပါပြီ။ Pitch ကျယ်ချင်ရင် Talk Button One နှင့် ကျယ်ပြီး Pitch တိုးချင်ရင် Talk Button Two နဲ့ တိုးကာ ကိုယ်လိုအပ်တဲ့ Pitch ပမာဏ ကို ချိန်လို့ရပါတယ်။ ချိန်ပြီးသွားပြီဆိုရင် Settings button နှိပ်ကာ confirm လုပ်လိုက်ပါ။ Device က Auto save လုပ်သွားပါလိမ့်မယ်။
Note: အကယ်၍ Pitch က Maximum ရောက်သွားတာ ဖြစ်ဖြစ် Minimum ရောက်သွားရင်ဖြစ်ဖြစ် LED Redကမှိတ်တုတ်မှိတ်တုတ် ဖြစ်တာပြပါလိမ့်မယ် ။
How to reset all settings to factory values
အကယ်၍ Factory default အတိုင်း settings တွေကို ပြန်ထားချင်တယ်ဆိုရင် device မှာရှိတဲ့ Buttons သုံးခုလုံးကို တစ်ပြိုင်နက်တည်း နှိပ်ထားလိုက်ပါ။ LED က Blue ပြပါလိမ့်မယ်။ ဒါဆိုရင် နှိပ်ထားတာကို မလွှတ်ဘဲ Blue ကနေ White ပြောင်းသွားတဲ့ အထိ ဖိထားလိုက်ပါ။ LED က လုံးဝအဖြူဖြစ်သွားပြီဆိုရင် buttons တွေကို လွှတ်လိုက်လို့ရပါပြီ ။ ၃ ၊ ၄ စက္ကန့် လောက်စောင့်ပြီးရင် Device က default settings ကို ရောက်သွားပါပြီ။
Battery
Green – battery အား ၅၀ % ကျော်ကျန်သေးတယ်လို့ဆိုလိုပါတယ်။
Yellow – ၂၅% နဲ့ ၅၀% ကြားပဲ battery ကျန်ပါတော့တယ်။
Red – ၁၀% နဲ့ ၂၅ % ကြားပဲbattery ကျန်ပါတော့တယ် ။
Glowing Red – below 10 percent
Note: Red ပြနေပြီ ဆိုတာနဲ့ battery ကို အားပြန်သွင်းသင့်ပါတယ်။ ဒါမှ Battery သက်တမ်း ကို ထိန်းသိမ်းရာ ရောက်ပါတယ်။ အကယ်၍ battery ၁ ခါအားအပြည့်သွင်းပြီးတာနဲ့ ၁ နာရီကျော်ကျော်လောက်ပဲအသုံးခံတော့တယ်ဆိုရင် Battery ရဲ့ life cycle ကုန်ဆုံးချိန်ရောက်နေပါပြီ။ အသစ်လဲရပါတော့မယ် ။