Labex Comfort

Labex Comfort က CLASS I medical device တစ်ခုဖြစ်ပါတယ် ။ သူကအဓိက ကတော့ low frequency ဖြစ်တဲ့ 60 to 195 Hz အတွင်းကို mechanical vibrations အနေနဲ့ ထုတ်ပေးပါတယ် ။ Vibrations နဲ့ လည်ပင်းက oral articulation ( muscles) ပေါင်းစပ်ပြီး comprehensible speech ကို ဖန်တီးလို့ရပါတယ်။

  • Labex Comfort Electrolarynx Device
  • 2 Batteries 9V Rechargeable Li-Ion
  • Two Socket Smart Charger
  • Labex Lanyard
  • User Manual
  • Warranty Card 
  1. Top Cap
  2. Talk Button 1
  3. Talk Button 2
  4. Settings Button
  5. LED Indicator
  6. Battery Indicator
  7. Battery Cover

အရင်ဆုံး Labex Comfort ကို အသုံးပြုဖို့ဆိုရင် Battery ကို အရင်ထည့်ရပါမယ်။ Battery ထည့်ဖို့ဆိုရင် ဘူးထဲမှာပါတဲ့ Battery 2 ခု ထဲက တစ်ခုကိုယူပြီး Device ထဲကို ထည့်ပါ။ ထည့်ရတဲ့အပေါက်က Device ရဲ့ အောက်ဘက်ခြမ်းမှာ ရှိပြီး လှည့်ဖြုတ်ရတာဖြစ်ပါတယ်။ ထည့်တဲ့အချိန်မှာလည်း + sign နဲ့ – sign ကိုသေချာ ကြည့်ပါ။ + က Device အပေါ်ဘက်ခြမ်းမှာရောက်ရမှာဖြစ်ပြီး – က Device အောက်ဘက်ခြမ်းမှာ ရောက်ရမှာဖြစ်ပါတယ်။ ​​Talk Button One or Two တစ်ခုခုကို ဖိပြီး နှိပ်လိုက်မယ်ဆိုရင် အသံစထွက်လာပါလိမ့်မယ်။

ဒါဆိုရင် စကားပြောသံကြားရဖို့ ဆိုရင် Electrolarynx ကို ဖိပြီး ကိုယ့်ရဲ့ လည်မျိုဘယ်နားမှာထားရင် အဆင်ပြေလဲဆိုတာ ရှာရပါမယ်။ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့အတွက် ကိုယ့် ရဲ့အကောင်းဆုံး sweet spot ကို ရှာဖွေရပါမယ်။

အသံကောင်းကောင်းနဲ့ စကားပြောနိုင်ဖို့ ၃ ရက်ကနေ၁လလောက်ထိ ကျင့်ယူရနိုင်ပါတယ်။ ကိုယ့်ရဲ့အကောင်းဆုံးနေရာကို ရှာဖွေရာမှာ တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးရင်ပိုကောင်းပါတယ်။

Volume set up mode ထဲကို ရောက်ဖို့ဆိုရင် အရင်ဦးဆုံး ကိုယ်ချိန်းချင်တဲ့ Talk button one or two ကို ရွေးပါ။ ကိုယ်ချိန်ချင်တဲ့ Talk button ကို ဖိနှိပ်ထားလိုက်ပါ။ ပြီးရင် Settings button ကို ထပ်ပြီးဖိနှိပ်ထားလိုက်ပါ။ အသံရပ်သွားပါလိမ့်မယ် ။ တစ်ချိန်တည်းမှာဘဲ LED Red က စပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပါလိမ့်မယ်။ အချိန်အနည်းငယ် a few seconds ကြာရင် Device က သူ့အလိုလို အသံတစ်ခုထွက်လာပါလိမ့်မယ်။ အဲ့ခါကျရင် ခလုတ်တွေအားလုံးကို လွှတ်လိုက်လို့ရပါပြီ။ Device က Volume set up mode ထဲကိုရောက်သွားခြင်းဖြစ်ပါတယ်။ ဒါဆိုရင် Talk button one ကိုသုံးကာ အသံချဲ့ခြင်းကို ပြုလုပ်နိုင်ပြီး Talk button two ကိုသုံးကာ အသံတိုးခြင်းကို ပြုလုပ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ Volume ကိုချိန်ပြီးသွားပြီဆိုရင် Settings button ကို နှိပ်ကာ Confirm လုပ်လို့ရပါပြီ။ Device က Auto save သွားပါလိမ့်မယ်။


Pitch set up mode ထဲကို ရောက်ဖို့ဆိုရင် အရင်ဦးဆုံး ကိုယ်ချိန်းချင်တဲ့ Talk button one or two ကို ရွေးပါ။ Settings button ကို ဖိနှိပ်ထားလိုက်ပါ။ ပြီးရင် ကိုယ်ချိန်ချင်တဲ့ Talk button ကို ထပ်ပြီးဖိနှိပ်ထားလိုက်ပါ။ အသံရပ်သွားပါလိမ့်မယ် ။ တစ်ချိန်တည်းမှာဘဲ LED Green က စပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပါလိမ့်မယ်။ အချိန်အနည်းငယ် a few seconds ကြာရင် Device က သူ့အလိုလို အသံတစ်ခုထွက်လာပါလိမ့်မယ်။ အဲ့ခါကျရင် ခလုတ်တွေအားလုံးကို လွှတ်လိုက်လို့ရပါပြီ ။ Device က Pitch set up mode ထဲကိုရောက်သွားခြင်းဖြစ်ပါတယ်။ ဒါဆိုရင် Talk button one ကိုသုံးကာ Pitch ချဲ့ခြင်းကို ပြုလုပ်နိုင်ပြီး Talk button two ကိုသုံးကာ Pitch တိုးခြင်းကို ပြုလုပ်နိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ Pitch ကိုချိန်ပြီးသွားပြီဆိုရင် Settings button ကို နှိပ်ကာ Confirm လုပ်လို့ရပါပြီ။ Device က Auto save သွားပါလိမ့်မယ်။

Default setting ကို ပြန်လုပ်ချင်ရင် ရှိသမျှ Buttons အားလုံးကို တစ်ပြိုင်နက်တည်း ဖိထားလိုက်ပါ။ Battery indicator မှာ Red က Flashing အရင် ဖြစ်မယ်။ ပြီးရင် Solid red လုံးဝအနီ ရောင်ဖြစ်သွားမယ် ။ နောက်ဆုံး Green ဖြစ်သွားရင် Default လုပ်တာ Complete ဖြစ်သွားတယ်လို့ဆိုလိုပါတယ်။ ဒါဆိုရင် Buttons တွေအားလုံးကိုလွှတ်လိုက်လို့ရပါပြီ။ 3 or 4 seconds လောက်စောင့်ပြီးရင် Device က Reset to default settings ကိုရောက်ရှိသွားပါပြီ။

Labex Comfort မှာ က Battery indicator ပါပြီးတဲ့တဲ့အတွက် ကြောင့် Battery level low ဖြစ်နေရင် ပြပေးပါတယ်။ အကယ်၍ batteryက ၂၀ percent ပဲချန်တော့တယ်ဆိုရင် indicator က blinking မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပါလိမ့်မယ်။ အကယ်၍ ၁၀ percent အောက်​ရောက်နေပြီဆိုရင် Battery indicator က solid red ကိုပြနေပါလိမ့်မယ်။ အဲ့ဆာဆိုရင် အားပြန်သွင်းဖို့လိုအပ်နေပြီ or battery နောက်တစ်လုံးနဲ့ချိန်းဖို့ လိုအပ်ပါပြီ။

Battery ကိုအားသွင်းဖို့ဆိုရင် ဘူးထဲမှာပါတဲ့ intelligent charger ကိုအသုံးပြုရပါတယ်။ အရင်ဦးဆုံး + sign နဲ့ – sign မှန်အောင် socket ထဲကိုထည့်ရပါမယ် ။ Red LED light က charger မှာ ပေါ်လာပါလိမ့်မယ်။ အဲ့တာဆိုရင် charging ဝင်နေတယ်ဆိုရင် သဘောဖြစ်ပါတယ်။ အားပြည့်သွားရင် Red LED light ပျောက်သွားပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *